A d v e r t i s e m e n t With Us

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ရွှေတိဂုံဘုရားတွင် ရွှေကြာဝါဆိုသင်္ကန်းကပ်လှူ 

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ် ရွှေတိဂုံစေတီတော်မှာ အရုဏ်ဆွမ်းနဲ့ သစ်သီးဆွမ်းကပ်လှူခဲ့ပြီး ရွှေကြာသင်္ကန်းတွေကို ၀ါဆိုသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြပါတယ်။ အခါကြီးရက်ကြီးဖြစ်တာကြောင့် ဘုရားဖူးလာသူတွေအဆင်ပြေစေဖို့အတွက် လုံခြုံရေးနဲ့ သန့်ရှင်းရေးကို အရင်ကထက် ပိုပြီးဆောင်ရွက်ပေးထားတယ်လို့ ရွှေတိဂုံစေတီတော်  ဂေါပက ဦးထွန်းအောင်ငွေက ပြောပါတယ်။ ဂေါတမမြတ်စွာဘုရားရှင် ဓမ္မစကြာတရား စတင်ဟောကြားတော်မူတဲ့  ၀ါဆိုလပြည့်နေ့မှာ မြန်မာနိုင်ငံတ၀န်းက ဗုဒ္ဓဘာသာဝင်တွေဟာ ဥပုသ်သီလဆောက်တည်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုကြလေ့ရှိပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့စဉ်ဘုရားဖူးလာသူပေါင်း ၁သောင်းနီးပါးရှိပြီး အခါကြီး ရက်ကြီးတွေမှာတော့ ဘုရားဖူးလာသူ ၂သိန်းအထိ ရှိတယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။  စုစု  

A d v e r t i s e m e n t With Us

More News
Up