A d v e r t i s e m e n t With Us

ဗစ်တိုးရီးယားအမှု တရားစွဲဆိုခံရသူ ကိုအောင်ကြီးကို ရုံးထုတ်၊ ဇူလိုင် ၂၄ ရက်နေ့ ရုံးချိန်းရမန်ယူ

နေပြည်​​တော်​ wisdom hill မူကြိုကျောင်းမှ ကျောင်းသူက​လေးငယ်​ ဗစ်​တိုးရီးယား မဖွယ်မရာပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ ကိုအောင်ကြီးကို ဇူလိုင် ၁၅ ရက်နေ့က ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ လာမယ့် ၂၄ ရက်နေ့ ရုံးချိန်ရမန်ယူခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ တရားစွဲဆိုခံရတဲ့ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ ပါဝါတင်ခြင်းနဲ့ အစိုးရဘက်ကနေ လိုက်ပါဆောင်ရွက်မယ့် တရားရေးအရာရှိတို့ကို တရားရုံး တင်ပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရားရုံး ပြင်ပမှာလည်း ဗစ်တိုးရီးယား အမှုအပေါ် လာရောက်ဝန်းရံသူတွေနဲ့ စည်းကားနေ ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး မျှော်လင့်နေကြတယ်လို့ လာရောက်ဝန်းရံသူတွေက ပြောပါတယ်။ တရားစွဲဆိုခံရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေကတော့ အမှုမှန်ဖြစ်စေရေး တရားစွဲဆိုခံထားရတဲ့ အောင်ကြီးကို အပြစ်ကျူးလွန်တာ မရှိပါက လွတ်မြောက်စေရေးနဲ့ အပြစ်ကျူးလွန်ခြင်းမရှိဘဲ တရားစွဲဆိုတဲ့ အဖွဲ့အစည်း ပေါ်ပေါက်စေရေးအတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်တာပါ။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်း အသက် ၃ နှစ်အရွယ်ကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရေးအတွက် နိုင်ငံတ၀န်းက မြို့အတော်များများမှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up