A d v e r t i s e m e n t With Us

တိုကျိုမြို့တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

၁၁ ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနဲ့ ကျောင်းတော်သစ်ကြီး ဖွင့်ပွဲကို ဂျပန်နိုင်ငံ တိုကျို ဆိုင်တမခရိုင် ၀ကိုရှိမြို့ရှိ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီးမှာ ဇူလိုင်လ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဂျပန်လူမျိုးတွေအပါအဝင် ဂျပန်ရောက်မြန်မာနိုင်သား ၂၀၀ ကျော် လာရောက်ခဲ့ပြီး နဂိုယာမြို့မှ ဆရာတော်အပါအ၀င် ရဟန်းသံဃာတော် ၅ ပါးကို ကပ်လှူခဲ့ကြပြီး ထေရဝါဒ ပရိယတ္တိကျောင်းတော် ကျောင်းထိုင်ဆရာတော် ဦးသြဘာသ မှ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မိခင်နိုင်ငံ ပြင်ပရောက်နေကြပေမယ့် အခုလို စုပေါင်းကျင်းပဆပ်ကပ်ကြတာကို တွေ့ရလို့ ပြည်ပသာသနာပြုအနေနဲ့ အားရမိပါတယ်လို့ ဒီဗွီဘီကို မိန့်ကြားခဲ့ပါတယ်။ ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးသန်းထွန်းက မိမိတို့အနေနဲ့ မြန်မာနိုင်ငံ ပြင်ပရောက်နေပေမယ့် အခုလိုနှစ်စဉ် ကြိုးစားပြီး ဆက်လက်ဆက်ကပ်ကျင်းပသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်

A d v e r t i s e m e n t With Us

More News
Up