A d v e r t i s e m e n t With Us

နယူးအော်လင်း ရေကန်တခုတွင် ရေဆင်နှာမောင်းတခု ဖြစ်ပေါ်လာ (ရုပ်သံ)

ပို့ချာထရိန်းကန်မှ ရေများလေဆင်နှာမောင်းတခုလို ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို အမိအရမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေ လူမူကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့သည်။ အမေရိကန်နိုင်ငံ နယူအော်လင်းပြည်နယ်တလျှောက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေစဉ် အခုလို ထူးထူးခြားခြားပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။ အခုကဲ့လို့ ရေဆင်နှာမောင်းတွေ ပ်ါပေါက်လာခဲ့ခြင်းကြောင့် လေဆင် နှာမောင်းတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးထားသည်။ အလင်းရောင်တွေ ထွက်ပေါ်လာခြင်းကြောင့် သတိထားမိသွားချိန်မှာ ရေဆင်နှာမောင်းကြီးတခုကို ရုံးခန်းတနေရာကနေ မြင်တွေ့ခဲ့ရတယ်လို့ အဆိုပါဖြစ်စဉ်ကို အမိအရမှတ်တမ်းတင်နိုင်ခဲ့တဲ့ နယူးအော်လင်းဒေသခံတဦးက ရိုက်တာ သတင်းဌာနာကို ပြောပါတယ်။ နယူးအော်လင်း မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က မိုးသက်မုန်တိုင်းတွေ ပေါ်ပေါက်ခဲ့တာဟာ ပင်လယ်ကွေ့မုန်တိုင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း မိုးလေဝသပညာရှင်တွေကပြောပါတယ်။ မြို့နေရာအချို့မှာ မိုးရေချိန် ၈ လက်မကျော် ရွာသွန်းခဲ့ပြီး လမ်းအချို့မှာလည်း ရေနစ်မြုပ်နေပါတယ်။ မက္ကဆီကို ပင်လယ်ကွေ့မှ ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေတွေက အခုသီတင်းပတ်အတွင်း ဒုတိယမြောက် အပူပိုင်းမုန်တိုင်းတခုကို ဖြစ်ပေါ်စေမယ်လို့ ယူဆရပြီး ၂၀၁၉ ခုနှစ်အတွက် ပထမဆုံးသော ဟာရီကိန်းမုန်တိုင်းဟာလည်း ကုန်းတွင်းပိုင်းကို ဝင်ရောက် လာဖို့ ပိုမိုနီးစပ်လာပြီဟု မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up