7-eleven သမီးငယ်လေး

Proud parents Johntez Brown and Rachel Langford holding newborn baby J'Aime Brown.
1K
7-eleven ဆိုတာ လူအများစုအတွက်တော့ အချိုရည်တမျိုးဆိုတာထက်မပိုပါဘူး။ ဒါပေမယ့် မစ်ဆိုရီ ပြည်နယ်မှာ နေထိုင်တဲ့ ရေချယ်လန်းဖို့ဒ်တို့မိသားစုအတွက်တော့ ဒါဟာ ကိန်းဂဏန်းတခု၊ အချိုရည်အမျိုးအစားတခုဆိုတာထက် များစွာပိုပြီး အဓိပ္ပာယ်ရှိလို့ နေပါတယ်။
အကြောင်းကတော့ လန်းဖို့ဒ်ဟာ သူ့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို ဇူလိုင် ၇ ရက်မှာ မွေးဖွားခဲ့လို့ပဲဖြစ်ပါတယ်။
ဒီသမီးလေးဟာ 7-eleven ဆိုတဲ့ ကိန်းဂဏန်းနဲ့ တော်တော်လေး နီးစပ်ပုံရပါတယ်။ သူလေးကို ခုနစ်လပိုင်း ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ရုံတင်မဟုတ်ဘဲ မွေးဖွားချိန်ဟာလည်း ၇ နာရီ ၁၁ မိနစ်ဖြစ်ပြီးတော့ ကိုယ်အလေးချိန်ဟာလည်း ၇ ပေါင် ၁၁ အောင်စရှိနေပါတယ်။
လန်းဖို့ဒ်တို့မိသားစုမှာ ခြောက်နှစ်အရွယ် သားတဦးရှိနေပြီး ဒီသမီးလေးကို ကိုယ်ဝန်လွယ်ထားချိန်ကတည်းက 7-eleven ဆိုတဲ့ ကိန်းဂဏန်းကို မကြာ ခဏမြင်တွေ့နေရတယ်လို့ ဆိုပါတယ်။
“ဒါကို ကျမက ပုံမှန်လို့ပဲ ထင်နေခဲ့တာပါ။ ဥပမာ ကျမက အမှတ်တမဲ့ နာရီကြည့်လိုက်ရင်တောင် ၇ နာရီ ၁၁ မိနစ်ဖြစ်နေတာမျိုးတွေပေါ့။ ဒါပေမယ့် သူ့ကို မမွေးခင်အချိန်အထိ ဒီကိစ္စကို သာမာန်လို့ပဲ ထင်ခဲ့ပါတယ်” လို့ လန်းဖို့ဒ်က CNN သတင်းကိုပြောပါတယ်။
လက်ရှိအချိန်မှာ ကလေးရောမိခင်ပါ ကျန်းမာရေးကောင်းမွန်စွာရှိနေပြီး ဒီကိစ္စကို 7-eleven ကုမ္ပဏီကို ပြောပြသွားဖို့ အစီစဉ်ရှိတယ်လို့ လန်းဖို့ဒ်က ပြောပါတယ်။