A d v e r t i s e m e n t With Us

ဗစ်​တိုးရီးယားအမှု တရားမျှတမှုရှိ​စေ​ရေး မ​ကွေးမြို့တွင် ​ဆန္ဒ​ဖော်​ထုတ်

မ​ကွေးမြို့မှာ ဗစ်​တိုးရီးယာ အမှုတရားမျှတမှုရှိ​စေ​ရေးအတွက် ဇူလိုင်​လ ၁၄ ရက်​​နေ့မနက်​ပိုင်းက​ ​ဒေသခံပြည်​သူ ၃၀၀ ​ကျော်​လောက် လမ်း​လျှောက်​ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်။ ဆန္ဒ​ဖော်​ထုတ်​ရာမှာ ဦး​ဆောင်​သူ ဦးဝင်းလှိုင်​က "ဆန္ဒထုတ်​​ဖော်​ပွဲကို တဦးတယောက်​တည်း အတွက်​ပြုလုပ်​တာ မဟုတ်​ဘဲ အမျိုးသမီးထုအတွက်​ မုဒိမ်း​မှု၊ သက်​ငယ်​မုဒိမ်းးမှု ပ​ပျောက်​​ရေးအတွက်​ ပြုလုပ်​တာပါ။ ဗစ်​တိုးရီးယာအမှုနဲ့ပတ်​သက်​လို့ တရားမျှတပြီး တရားခံအစစ်​မှန်​ကို ​ပေါ်​ပေါက်​​စေချင်​တယ်​။ သက်​ငယ်​မုဒိမ်း​မှုသာမက မုဒိမ်း​မှုအားလုံးကို ကြီး​လေးတဲ့ ပြစ်​ဒဏ်​​ပေး​စေချင်​တယ်​” လို့  ဒီဗွီဘီကို​ပြောပါတယ်​။ ဆန္ဒ​ဖော်​ထုတ်​ရာမှာ ပါဝင်​သူ ​ဒေါ်ကြူကြူခိုင်​က "တိမ်း​စောင်း​နေတဲ့ တရားဥပ​ဒေကို တည့်​တည့်​မတ်​မတ်​ ခန့်​ခန့်​ထည်​ထည်​ဖြစ်​​အောင်​ရည်​ရွယ်​ပြီး ဆန္ဒ​ဖော်​ထုတ်​တာပါ။ သက်​ငယ်​ မုဒိမ်းမှု​တွေ ​နောက်​ထပ်​ ထပ်​ပြီး မဖြစ်​​ပေါ်​အောင်​ ပြစ်​ဒဏ်​စီရင်​ရာမှာလည်း ​နောင်​ကို ဒါမျိုး မဖြစ်​​အောင်​ ကြီး​လေးတဲ့ပြစ်​ဒဏ်​ချမှတ်​​စေချင်​တယ်​။ ပြစ်​ဒဏ်​ချမှတ်​ပြီးရင်​လည်း လွတ်​ငြိမ်း ချမ်းသာခွင့်​မ​ပေးဘဲ ပြစ်​ဒဏ်​ကို အပြည့်​ဝချမှတ်​​စေချင်​တယ်​။ သက်​ငယ်​မုဒိမ်း​မှု​တွေ မဖြစ်​ပွား​စေ​ရေးအတွက်​ မိဘ​တွေနဲ့ က​လေး​တွေကို ပညာ​ပေး လက်​ကမ်းစာ​စောင်​​တွေ ​ဝေငှထားတယ်​"လို့ ဆိုပါတယ်​။ မ​ကွေးပရဟိတအဖွဲ့မှ ဦး​ဆောင်​သူ ကိုမိုး က​ "​နေပြည်​​တော်​မှာဖြစ်​ပွားခဲ့တဲ့ ဗစ်​တိုးရီးယာမှု ဆိုရင်​နိုင်​ငံ​တော်​သမ္မတထိ သိထားတဲ့အမှု ဖြစ်​ပြီး ဝန်​ကြီးများရုံး​တွေ ဆိုက်​တဲ့​နေရာမျိုးမှာ​တောင်​မှ တရာခံကို ပြည်​သူလက်​ခံနိုင်​​အောင် ​တိတိကျကျ​ဖော်​ထုတ်​​ပေး​စေချင်​တဲ့ရည်​ရွက်​ချက်​နဲ့ ဆန္ဒ​ဖော်​ထုတ်​တာပါ။ တိုင်းပြည်​ စီးပွား​ရေး အ​ခြေအ​နေ အဆင်​မ​ပြေလို့ မိဘ​တွေက အပြင်​မှာထွက်​အလုပ်​လုပ်​စဉ်​ သားသမီး​တွေကို မ​စောင့်​​ရှောက်​နိုင်​လို့ ယုံကြည်​ရတဲ့သူ​တွေက လိင်​အကြမ်းဖက်​မှုကျူးလွန်​တာများပါတယ်​"လို့ ပြောပါတယ်​။ အဆိုပါ ဆန္ဒ​ဖော်​ထုတ်​ပွဲမှာ ဗစ်​တိုးရီးယားအတွက် ​တရားမျှတမှုရှာ​ဖွေ​ရေး၊ က​လေးသူငယ်​များအတွက်​ လုံခြုံတဲ့ပတ်​ဝန်းကျင် ဖန်​တီး​ပေး​ရေး၊​ နောက်​ထပ်​ ဗစ်​တိုးရီးယာများ အလိုမရှိ စတဲ့​ကြွေး​ကြော်​သံ​တွေနဲ့အတူ မ​ကွေးမြို့ ​အေး​စေတီဘုရားက​နေ မြို့ကိုပတ်​ပြီး လမ်း​လျှောက်​ ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up