A d v e r t i s e m e n t With Us

မင်းတုန်းစက်​​လှေ​မှောက်​ ​ပျောက်​ဆုံး​ ​ကျောင်းသူ ၃ ဦးကို ကယ်​ဆယ်​​ရေး ​ရေငုပ်အဖွဲ့ ကူညီရှာ​ဖွေ

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ​ ဇူလိုင်​ ၁၂ ရက်​​နေ့က စက်​​လှေ​မှောက် ​​ပျောက်​ဆုံးလျက်​ရှိ​နေ​တဲ့ ​ကျောင်းသူ  ​၃ ဦးကို ဒီက​နေ့မနက်​ပိုင်းက ​အထက်​ မြန်​မာပြည်​ ကယ်​ဆယ်​​ရေး ​ရေငုပ်​အဖွဲ့က လာရောက် ကူညီရှာ​ဖွေပေးနေတယ်လို့ သိရပါတယ်။ “မနက်​က ၈ နာ​ရီ​လောက်​​ရောက်​တယ်/။ ဒီက​ဒေသခံ ကာယကံရှင်​​တွေက အကူညီ​တောင်းလို့ လာ​ရောက်​ကူညီ​ပေးတာပါ” လို့ ဦးလှိုင်​မင်းဦး (မြန်​မာနိုင်​ငံ လူမှုကယ်​ဆယ်​​ရေးအဖွဲ့ ဥက္ကဋ္ဌ မန္တ​လေးတိုင်း​) က ပြောပါတယ်။ မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို ပြေးဆွဲတဲ့ စက်လှေတစီးဟာ ဇူလိုင် ၁၂ ရက်နေ့က မင်းတုန်း​ချောင်းနှင့်​ မူး​ချောင်း အဆုံမှာ ​ရေစီအားသန်​လို့ တိမ်းမှောက်ခဲ့တာဖြစ်​ပြီး လူ ၁၈ ဦးတင်​​ဆောင်​လာရာမှ ​ကျောင်းသူ ၄ ဦး​ ပျောက်​ဆုံး​ခဲ့တာပါ။ မ​နေ့ကတော့ ဌာနဆိုင်​ရာတွေ၊ လူမှု​ရေးအဖွဲ့အစည်းတွေက ၀ိုင်းဝန်းရှာ​ဖွေရာမှာ မဂျူးဂျူးဟန်​ ၉ တန်း​ကျောင်းသူ ရဲ့ အလောင်းကို မင်းတုန်း မြို့နဲ့ ၆ မိုင်​လောက်အကွာမှာ ဆယ်ယူရရှိခဲ့ပါတယ်။ ကိုလင်း(​ချောက်​)- ဓာတ်​ပုံ၊ဦးဝင်း​ရွှေ

A d v e r t i s e m e n t With Us

More News
Up