အိန္ဒိယတွင် မြှားမှန်ထားသည့် ရွှေရောင်မြွဟောက်ကို ဆရာဝန်များ ကယ်တင်

1.2K
အိန္ဒိယနိုင်ငံ သြဒိရှပြည်နယ်မှာ မြှားမှန်ထားတဲ့ ရွှေရောင်မြွေဟောက်တကောင်ကို တိရစ္ဆာန် ဆေးကု ဆရာဝန်တွေက ဇူလိုင် ၁၂ ရက်မှာ ကယ်ဆယ်ခဲ့ပါတယ်။
ပူရီမြို့ခံတွေက သံမြှားနဲ့ ပစ်ခတ်တာ ခံရလို့ မြွေရဲ့ ကိုယ်လုံးမှာ မြှားဖောက်ဝင်ပြီး အဆုတ်ကို ထိခဲ့တာပါ။
ဒါပေမယ့် မြှားနဲ့ ပစ်တဲ့သူကပဲ ဘူဘာနဲ့ရှ်ဝါမြို့ အခြေစိုက် မြွေကူညီရေး အုပ်စုဆီကို အကြောင်းကြားခဲ့လို့ မြွေကို ကယ်ခဲ့ပါတယ်။
မြွေကိုယ်ထည်ဟာ မြှားချိတ်နဲ့ ငြိနေလို့ ဘူဘာနဲ့ရှ်ဝါ မြို့တွင်းက တိမွေးကု သိပ္ပံ ကောလိပ်က တိမွေးကု ဆရာဝန်တွေက မြှားကို အစိတ်အပိုင်း သေးသေးလေးတွေ ဖြစ်အောင် ဖြတ်ပြီးမှ ဖယ်ထုတ် ကုသပေး ခဲ့ရတယ် မြွေရဲ့အခြေအနေက တည်ငြိမ်တယ် သူ့ရဲ့ ကျောရိုးကို မြှားမထိခဲ့ဘူးလို့ တိမွေးကု ဆရာယန်တွေက ပြောပါတယ်။
အိန္ဒိယ မြွေဟောက်ကို သီရိလင်္ကာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် အပါအဝင် အာရှ နိုင်ငံတွေမှာ တွေ့ရပါတယ်။
အိန္ဒိယမှာတော့ ဒီမြွေဟောက် အမျိုးအစားဟာ သားရိုင်းကာကွယ်ရေး ဥပဒေ ၂၀၁၇ အရ ထိန်းသိမ်းစောင့်ရှောက်ခံမြွေမျိုးစိတ်ထဲမှာ ပါပါတယ်။