လျှပ်စစ်မီးပြတ်တောက်သဖြင့် အမေရိကန် မြေအောက်ရထား အမှောင်ထဲ လည်ပတ်ခဲ့ရ

765
အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က မန်ဟန်တန် ရပ်ကွက် အစိတ်အပိုင်းတွေ အတော်များများမှာ ဇူလိုင် ၁၃ ရက် ညနေက လျှပ်စစ်မီး ပြတ်တောက်လို့ မြေအောက်ရထားစနစ်ကို အမှောင်ထဲမှာ ဆက်ပြီး လည်ပတ်ခဲ့ရပါတယ်။
လူအယောက်လေးသောင်းကျော် မီးပြတ်တဲ့ဒဏ်ကို ခံစားခဲ့ရတယ်၊ ရပ်ကွက် အနောက်ပိုင်း က ထရန်စဖော်မာ ပေါက်ကွဲတာ ဖြစ်ပုံရတယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒေသစံတော်ချိန် ည ၇ နာရီ လောက်က ပေါက်ကွဲသံတခု ကြားခဲ့ရတယ်လို့ အဲဒီနေရာမှာ ရှိတဲ့ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေက အစီရင်ခံပါတယ်။
မီးသတ်သမားတွေက ထရန်စဖော်မာ မီးလောင်တဲ့ နေရာမှာ ရောက်နေပြီလို့လည်း နယူးယောက်မြို့ မီးသတ်ဌာနက ပြောပါတယ်။
ဘူတာရုံ အတော်များများ မီးပြတ်သွားပေမယ့် ရထားတွေ အားလုံးကတော့ ဆက်ပြီးသွားနေတယ်လို့ မြို့တွင်း မြေအောက်ရထား လုပ်ငန်းကတွစ်တာ လူမှုကွန်ရက် ပေါ်ကနေ တင်ပြခဲ့ပါတယ်။