A d v e r t i s e m e n t With Us

အနာဂတ်နှင့်ပတ်သက်ပြီး လာမည့်သတင်းပတ် ထုတ်ပြန်မည်ဟု လူကာကူပြော

အနာဂတ်နဲ့ပတ်သက်ပြီးလာမယ့် သီတင်းအပတ်မှာ ပြောပြသွားမယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ရိုမီလူကာကူက ပြောပါတယ်။ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာတဲ့ လူကာကူဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက် အသင်းအတွက် ထင်သလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ အခုအပြောင်းအရွှေ့မှာ အသင်းသစ်ကို ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ အီတလီကလပ် အင်တာမီလန်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်နေတယ်လို့သိရပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့တာပါ။ “ခင်ဗျားတို့အားလုံး လာမယ့်သီတင်းပတ်မှာတော့ တစုံတခုကို သိရပါမယ်” လို့ လူကာကူကပြောခဲ့ကြောင်း Goal သတင်းမှာ ဖော်ပြပါတယ်။ လူကာကူရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ဆွေးနွေးမှုမှာ အတော်အသင့်ခရီးရောက်နေပြီလို့ ယူဆရပြီး ဒီပုံစံအတိုင်းဆိုရင် လူကာကူဟာ အီတလီမြေကိုရောက်ရှိဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာပြောဆိုထားခြင်း မရှိသေးဘဲ အသင်းရဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲမှာ လူကာကူ မပါဝင်နိုင်တာက ဒဏ်ရာကြောင့်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ “ရာသီအသစ် စတဲ့အချိန်ထိ စောင့်ကြတာပေါ့။ လက်ရှိအချိန်မှာ ကျနော်တို့ဘက်က စဉ်းစားနေတဲ့ ကမ်းလှမ်းမှုမျိုး မရှိသေးပါဘူး။ ပြီးတော့ ကျနော်နဲ့ ကျနော့်ကစားသမားတွေကြားက ပြောဆိုမှုတွေကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားမှာပါ” လို့ ဆိုးလ်ရှားက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up