ဝေဖန်သူများ ပါးစပ်ပိတ်ထားကြရန် နေမာ ပြော

စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်နေသူတွေ ပါးစပ်ပိတ်ထားကြဖို့ နေမာက ရိုက်တာသတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အင်တာဗျူးမှာ တုံ့ပြန်ပြောကြားလိုက်ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အဓိကပွဲစဉ်တွေနဲ့ လွဲချော်ခဲ့ရပေမယ့် ဘရာဇီးလ်အသင်းကတော့ ဖလားရယူနိုင်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ နေမာအပေါ်မှာ မီခိုဖို့ မလိုအပ်ဘဲ အရေးပါဆုံး ကစားသမားမဟုတ်ဘူးဆိုပြီးတော့ ပရိသတ်တွေက တောက်လျောက်ဆိုသလို ထိုးနှက်ပြောဆိုနေကြတာပါ။ နေမာက သူ့အပေါ် ဝေဖန်မှုတွေဟာ ပရိသတ်တွေအနေနဲ့ ကစားသမားအပေါ် လေးစားမှု မရှိတာဖြစ်ပြီး သူဟာ ဘရားဇီးအသင်းသားတယောက်ဖြစ်သလို ဘောလုံးပွဲဟာလည်း တဦးတယောက်တည်းအပေါ်မှာ မှီခိုနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ကွယ်က ဖြစ်ရပ်တွေကို ဘယ်သူမှ သေသေချာမသိတာကြောင့် ပါးစပ်ပိတ်ထားခြင်းဖြင့် အသင်းအ ပေါ်ကူညီရာရောက်တယ်လို့လည်း ဆိုပါတယ်။ နေမာဟာ ၁၀၀ ရာခိုင်နှုန်းအပြည့် ပြန်လည်သက်သာလာပြီဖြစ်လို့ ဥရောပကိုပြန်ပြီး လေ့ကျင့်ရေးအစီအစဉ်တွေမှာပါဖို့ အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

More News
Up