နာမည်ပျက် ပယ်ဖျက်စာရင်း ထပ်မံထုတ်ပြန်
DVB
·
November 29, 2012
Black List နာမည်ပျက်စာရင်းကနေ နောက်ထပ် ပယ်ဖျက်ပေးလိုက်တဲ့ စာရင်းတချို့ကို နိုင်ငံတော် သမ္မတရုံးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီတကြိမ်ပယ်ဖျက်စာရင်းမှာ ကုမ္ပဏီ-၂၀၄ ခုနဲ့ လူပုဂ္ဂိုလ် - ၅၈၇ ဦးတို့ပါဝင်ပြီး ၀န်ကြီးဌာန ၉ ခုက တင်ပြလာတဲ့ စာရင်းတွေအတိုင်း ထုတ်ပြန်ပေးလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲ လူပုဂ္ဂိုလ် ၂၀၀၀ ကျော် နာမည်ပျက်စာရင်းက ပယ်ဖျက် ပေးခဲ့ပြီးနောက် ၃ လအကြာမှာ အခုတခါ ပယ်ဖျက်စာရင်း ထပ်ထွက်လာတာဖြစ်ပါတယ်။ အရင်အစိုးရလက်ထက် နာမည်ပျက်စာရင်းဝင်နေသူပေါင်း ၆၀၀၀ ကျော်ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။
အပြည့်အစုံကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်တွင် ဖတ်ရှုနိုင်ပါသည်။
http://www.president-office.gov.mm/briefing-room/node/2012/11/29/id-1998