Home
မြန်မာသတင်း
ရင္ဖြင့္စာ
DVB
·
July 14, 2019
အမှိုက်များကို အမှိုက်ပုံးများထဲ စနစ်တကျ စွန့်ပစ်ပေးကြပါ   ကျနော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ အိုးဘိုရွာက လူငယ်လေးတဦးပါ။ ကျနော်တို့ရွာမှာ ရွာက လူငယ်များနှင့် ကျောင်းသားကျောင်းသူများ စုပေါင်းပြီး "နေ့သစ်ရဲ့အားမာန်" သန့်ရှင်းရေး အဖွဲ့လေး ဖွဲ့ပြီး တလ ၂ ကြိမ် ၁၅ ရက်နဲ့ ၃၀ ရက်နေ့တိုင်း သန့်ရှင်းရေး လုပ်ကြပါတယ်။ ကျေးရွာအတွင်း လမ်းဆုံ ၇၀ ရှိပါတယ်။ လမ်းဆုံတိုင်းမှာ အမှိုက်ပုံးများ ထားရှိပါတယ်။ တချိုသောသူများက အမှိုက်များကို အမှိုက်ပုံးထဲ မထည့်ကြပါဘူး။ အမှိုက်များကို အမှိုက်ပုံးများထဲသို့ စနစ်တကျ စွန့်ပစ်ထည့်ပေးကြပါရန် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ အလုပ်သမားဝန်ကြီးဌာနနှင့် အေဂျင်စီများ ဖြေပေးပါ မြန်မာ့ အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် အေဂျင်စီများကို မေးချင်လို့ပါ။ ပြည်ပကို အလုပ်ထွက်လုပ်ဖို့ အေဂျင်စီနဲ့ စာချုပ်ခဲ့ပါတယ်။ စာချုပ်မှာပါတာက စာချုပ်ပြီး ၂ လအတွင်း ပြည်ပကို အလုပ်လုပ်ထွက်ရမယ်လို့ ပါပါတယ်။ သို့သော် ၂ လ ကျော်လည်း မထွက်ရ။ ထွက်ရက်ရပြီဆိုပြီး ပွဲစားက ဖုန်းဆက်လို့ ရန်ကုန်ကိုသွားရတယ်။ ရန်ကုန်ရောက်ပြန်တော့ နောက် တပတ်ထပ်ချိန်းတယ်။ နယ်ကနေ ရန်ကုန်ကို သွားလိုက် ပြန်လိုက် နဲ့ သွား ပြန် စားစရိတ်ကိုက ၃ သိန်းလောက်ရှိနေပါပြီ။ သိချင်တာက အလုပ်သမားဝန်ကြီးရယ်၊ အေဂျင်စီရယ်၊ ပွဲစားတွေရယ် အားလုံးကို နိုင်ငံတော်အစိုးရက အချိန်တွေကို တိတိကျကျ လိုက်နာဖို့ သေချာ စည်းကမ်းတကျ စိစစ်ပေးပါ။ ကျနော်တို့ ပြည်ပထွက်မယ့် ပြည်သူက ဟင်းရွက်ကန်စွန်းမဟုတ်ပါဘူး။ အားလုံးဟာ ကိုယ်အနာဂတ် ကိုယ့်အိပ်မက်နဲ့ကိုယ်ပါ။ သက်နိုင်ထွန်း သောက်ရေသုံးရေ အခက်ကြုံနေရသည့် နန်စီပွန် တိုးချဲ့ကွက်သစ်   စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ ရွှေ့ပြောင်းပြည်သူများအတွက် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော လသာ တိုးချဲ့ကွက်သစ်တွင် ၃ ပုံ ၂ ပုံခန့်မှာ သောက်ရေ သုံးရေ ခက်ခဲလျက်ရှိပါသည်။ ရေပေးဝေမှုမမျှတခြင်း၊ အုပ်ချုပ်ရေးအဖွဲ့၏ စီမံခန်ခွဲမှုညံ့ဖျင်းခြင်း၊ ထိန်းသိမ်း ကွပ်ကဲမှု ညံ့ဖျင်းခြင်း၊ မလျော် ဩဇာသုံးစွဲခြင်း စသည်တို့ကြောင့် နောက်နောင်တွင် မလိုလားအပ်တဲ့ ပြဿနာ ကြီးငယ်များ မဖြစ်ပေါ်စေရန် ရေကော်မတီအဖွဲ့များ ပြန်လည်ဖွဲ့စည်း ပေးပါရန် တင်ပြအပ်ပါသည်။ ရေမလာ၍ ဝေဒနာ ခံစားရသည့် ရွှေ့ ပြောင်း ပြည်သူများ ကိုယ်စား။ ပြေနိုင် ကလေးတွေ ကျောင်းမှန်မှန်တက်ပြီး စာတွေခက်နေရပါပြီ ကျမတို့ ပုသိမ်မှာ ကျူရှင် သင်နေကြပါတယ်။ အတန်းပိုင်ဆရာမက ကျူရှင်ပေးတယ်။ ကျောင်းမှာကျ သူကျူရှင်တက်တဲ့ ကလေးနဲ့ မတက်တဲ့ကလေးကို ခွဲခြားဆက်ဆံတယ်။ ကျူရှင်မှာသာ စာတွေ ရှေ့ရောက်အောင်သင်ပြီး ကျောင်းမှာ အဲ့ကလေးတွေက စာတွေ ရှေ့ကြိုရောက်နေပြီး သူ့ကျူရှင်မတက်တဲ့ ကလေးတွေကျ နောက်ကျပြီး သင်ပေးတယ်။ ပြီးတော့ စာမလိုက်နိုင်ဘူးပြောပြီး သူ့ကျူရှင် မရောက်ရောက်အောင် မိဘတွေနဲ့ ကလေးတွေကို ဖိအားပေးနေတယ်။ ကျူရှင်စနစ်ကို နိုင်ငံတော်အတိုင်ပင်ခံတောင် လက်ခံမယ်မထင်ပါဘူး။ ကျောင်းမှန်မှန်တက် စာမခက်ဆိုသလို ကလေးတွေ ကျောင်းမှန်မှန်တက်ပြီး စာတွေခက်နေရပါပြီ။ ကျူရှင်သင်ကြားမှုကို ထိရောက်စွာ အရေးယူသင့်ပါပြီ။ ဆုငြိမ်းသူ   မုဒိမ်းမှုတွေအတွက် သေဒဏ်ချမှတ်သင့် ကျနော်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းရွာကပါ။ ယနေ့ ခေတ်မှာ မရိုးနိုင်အောင် ကြားနေရတာက သက်ငယ်မုဒိမ်းမှု ဆိုတာတွေ ဖြစ်နေပါတယ်။ ကြည့်လိုက်တော့လည်း မဖွယ်မရာ အပြုမူခံရတာက အလွန်ကိုငယ်ရွယ်တဲ့ ၁ နှစ် ၂ နှစ်ဆိုတဲ့ ကလေးငယ်လေးတွေ ဖြစ်ပါတယ်။ ဒီလောက် ငယ်ရွယ်နုနယ်လှတဲ့ ကလေးတွေကို ဘယ်လို စိတ်တွေနဲ့ ပြစ်မှားကြသလဲဆိုတာ စဉ်းစားလို့ကိုမရပါဘူးဗျာ။ ဒါကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက လည်း ပုဒ်မတွေ အမျိုးမျိုးတပ်ပီး ထောင်ဒဏ်တွေချမှတ်နေတာဟာ ဒီကိစ္စတွေအတွက် တာဆီးနိုင်စွမ်း မရှိသက်ရောက်မှုမရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။ ဒါကြောင့် တဖက်နိုင်ငံတွေ အသီးသီးလိုပဲ မုဒိမ်းမှုတွေအတွက် ရက်စက်တဲ့ သေဒဏ်ချမှတ်သင့်တယ်လို့ မြင်ပါတယ်ဗျ။ အောင်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024