အထင်ကရနေရာများကို လေ့လာသည့် Walking Tour Program ပြုလုပ်










550
ရန်ကုန်မြို့မှာရှိတဲ့ လူသွားလာမှုနည်းတဲ့ အထင်ကရနေရာတွေကို လူတွေသိရှိပြီး ခရီးသွားလုပ်ငန်း ပိုမိုကျယ်ပြန်လာဖို့အတွက် ရည်ရွယ်ပြီး “နီးလျက်နဲ့ မဝေးစေချင်” Walking Tour Program အစီအစဉ်ကို ဇူလိုင်လ ၁၄ ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။
တတိယအကြိမ်အဖြစ် Walking Tour Program မှာတော့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်နေရာတွေထဲက တခုဖြစ်တဲ့ အမျိုးသား ပြတိုက်ကို သွားရောက်လေ့လာခဲ့ကြတာပါ။
ဒီအစီအစဉ်ကိုတော့ တက္ကသိုလ်ကျောင်းပေါင်း ၁၄ ကျောင်းက ကျောင်းသားပေါင်း အယောက် ၅၀ က ပါဝင် ဆင်နွှဲလေ့လာခဲ့ကြပါတယ်။
“နီးလျက်နဲ့ မဝေးစေချင်” အစီအစဉ်ကနေ လောကနတ် ပန်းချီပြခန်း၊ အာဇာခေါင်းဆောင်ကြီးတွေရဲ့ အုတ်ဂူတွေထားရှိတဲ့ အာဇာနည်ကုန်း နဲ့ ဦးသန့်အုတ်ဂူ စတဲ့ နေရာတွေကို လေ့လာခဲ့ပြီးဖြစ်သလို နောက်ထပ်လည်း လူသူ အရောက်နည်းတဲ့ အထင်ကရနေရာတွေကိုလည်း သွားရောက်လေ့လာမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။