လူ့အသက် ကယ်တင်ခြင်းက ခံစားချက်ကို ပိုကောင်းစေဟု ဗြိတိန်လက်ဝှေ့ကျော် ပြော
လက်ဝှေ့ပြိုင်ပွဲကနေ ရရှိလာတဲ့ အောင်မြင်မှုတွေထက် လူတွေရဲ့အသက်တွေကို ကယ်တင်ရတာဟာ ခံစားချက်တွေကို ပိုကောင်းစေတယ်လို့ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီက ပြောပါတယ်။
လူတချို့ကို ကယ်တင်ဖူးပေမယ့် အဲ့ဒီအကြောင်းကိုတော့ ဘယ်သူကမှ မသိဘူးလို့ ဖျူရီက ဆိုပါတယ်။
ဖျူရီဟာ ၂၀၁၅ ခုနှစ်က ဝလာဒီမာကလစ်ခ်ျကိုကို အနိုင်ရရှိပြီး IBF WBA နဲ့ WBO ချန်ပီယံဘွဲ့တွေကို နောက်ဆုံးရရှိထားပါတယ်။
ဒါပေမယ့် သူ့ရဲ့ ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အားနည်းချက်တွေချက်ကြောင့် ကိုယ်အလေးချိန်တ တိုးလာတာအပြင် ကြံ့ခိုင်မှုပိုင်းမှာ ကျဆင်းလာတာကြောင့် လက်ဝှေ့လောကကနေ အနားယူသွားခဲ့သူဖြစ်ပါတယ်။
အဆိုးဆုံးကတော့ သူ့ကိုယ်သူ သေကြောင်းကြံစည်ခဲ့ဖူးတဲ့အတွက် မီဒီယာတွေပေါ်မှာ အကျယ်တဝင့် ဖော်ပြခံရသူဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဇွန်လမှာတော့ ကြိုးဝိုင်းထဲပန်ဝင်လာခဲ့ပြီး ၃ ပွဲအနိုင်ရရှိထားသလို အမေရိကန်နာမည်ကြီး ချန်ပီယံ ဒီတိုနေး ဝိုင်လ်ဒါကို သရေကျထားပါတယ်။ ဖျူရီဟာ ဝိုင်လ်ဒါနဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေပါတယ်။