ရိုမေးနီးယားတင်းနစ်မယ်က ဆရီနာဝီလျံကို အနိုင်ယူပြီး ၀င်ဘယ်ဒန်ချန်ပီယံဆု ဆွတ်ခူး

856
ဝင်ဘယ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်း အမျိုးသမီး တဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရိုမေးနီးယားနိုင်ငံသူ ဟာလက်ပ်က နာမည်ကြီး ဆရီနာဝီလျံကို ၂ ပွဲပြတ် အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးသွားပါတယ်။
အခုပြိုင်ပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဂရင်းဆလင်းပြိုင်ပွဲတွေမှာ ဆုဖလား ၂၄ ကြိမ်ထိရရှိပြီး အအောင်မြင်ဆုံး တင်နစ်ကစားသမားဖြစ်လာမယ့် ဆရီနာဝီလျံအနေနဲ့ အိပ်မက်တွေ အဆုံးသတ်ခဲ့ရပါတယ်။
ဆရီနာဝီလျံဟာ ရိုမေးနီးယားတင်းနစ်မယ် ဟေးလပ်ကို တနာရီတောင်မကြာတဲ့ ပွဲချိန်အတွင်းမှာ ၆-၂၊ ၆-၂နဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့တာပါ။
ဟေးလပ်ရဲ့ ဒုတိယမြောက် မေဂျာဆုဖလားဖြစ်သလို ပထမဆုံး ဝင်ဘယ်ဒန်ချန်ပီယံဆုလည်း ဖြစ်လာပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု ၁ဝ ကြိမ်မှာ ၁ ကြိမ်သာ အရေးနိမ့်ခဲ့ဖူးတဲ့ ဆရီနာကို ဒီပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာဦးမယ်ဆိုပြီး ခန့်မှန်းခဲ့သူ အားလုံးလည်း မှားယွင်းသွားပါတယ်။
ဟေးလပ်ဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးလက်စွမ်းနဲ့အတူ ပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့သူတဦးဖြစ်ပြီး ဗိုလ်လုပွဲမစခင်က သူပြောထားတဲ့အတိုင်း အကောင်းဆုံးပွဲတခုအဖြစ် ကစားသွားခဲ့တာဖြစ်ပါတယ်။