Home
မြန်မာသတင်း
လွိုင်ကော်တွင် ကျပ်သိန်းပေါင်း ၁၆၀၀၀၀ ကျော်တန်ဖိုးရှိ မူယစ်ဆေးများ ဖမ်းမိ
နော်နိုရင်း
·
July 13, 2019
ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လွိုင်ကော်- မိုးဗြဲကားလမ်း လင်းဖုံလေးလမ်းဆုံမှာ ကျပ်သိန်းပေါင်း ၁၆၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၂ ရက်န့ မနက်စောပိုင်းက ICE မူးယစ်ဆေးဝါးအပါအ၀င် အက်ဖက်သမင်းနဲ့ အဖြူရောင်အမှုန့်တွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ကား ဒိုင်ဘာကား သုံးစီးကို ဖမ်းဆီးရမိခဲ့တာပါ။ အဆိုပါဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးရဲ့ ခန်းမှန်းတန်ဖိုး ကျပ်ငွေ သိန်းပေါင်း ၁၆၄၉၀၀ ကျော်တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ဝင်တွေဆီကနေ သိရှိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ယဉ်မောင်းနဲ့ ယဉ်နောက်လိုက် ၆ ဦးကို ဒီကနေ့ မနက် လွိုင်ကော်မြို့မ ရဲစခန်းမှာ အမှုဖွင့်တားတယ်လို့ လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မိုးဦးက ပြောပါတယ်။ “တရားခံက ၆ ယောက်၊ ဒီမနက် ၄ နာရီ ၃၀ က ဖွင့်တာ။ တရားခံ ၆ ယောက်ကနာမည်က အားလေ၊ အိုက်စိမ်း၊ စိုင်းအောင်မိန်း၊ စိုင်းအောင်ကျော်မိုး၊ ခမ်းကြာ နဲ့ စိုင်းတွဲ မူးယစ်ဆေးဝါးတန်ဖိုးက သိန်းပေါင်း ၁ သိန်းကျော်တယ်။” အဆိုပါ ဒိုင်ဘာ ကားကြီး ၃ စီးအပေါ်မှာ အံဝှက်လုပ်ပြီး  မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာခဲ့တာဖြစ်ပြီး သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း လွိုင်ကော်မြို့နယ်မှာ ထရပ်ယာဉ် ၃ စီးနဲ့ တင်ဆောင်လာသော ICE ၅၀၀ ကီလို၊ ကတ်တမင်း ၆၄၉ ကီလို၊ ကဖင်း ၁၁၅၀ ကီလို ဖမ်းဆီးရမိ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024