A d v e r t i s e m e n t With Us

ဗစ်တိုးရီးယားအမှု တရားမျှတမှုရရေး ကလေးတွင် ဆန္ဒပြ

နေပြည်​​တော်​ wisdom hill မူကြို​ကျောင်းမှ ကျောင်းသူက​လေးငယ်​ ဗစ်​တိုးရီးယား မဖွယ်မရာပြုကျင့်ခံရမှု  တရားမျှတမှုရရှိ​ရေးအတွက် စစ်ကိုင်းတိုင်း ကလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု အင်အား ၂၀၀၀ ကျော် ဒီနေ့မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို ကလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ကွင်းကနေ ဘုရင်နောင်လမ်းနဲ့ ဗိုလ်ချုပ်လမ်းအတိုင်း ကလေးမြို့မရဲစခန်းရှေ့ထိ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။ ဗစ်တိုးရီးယား များအတွက် တရားမျှတမှု ရရှိစေဖို့၊ ကလေးငယ်များအတွက် လွတ်လပ်လုံခြုံသော ပတ်ဝန်းကျင် ဖြစ်လာစေဖို့၊ နောက်ထပ် Victoria များ မပေါ်ပေါက်စေဖို့၊ ကလေးငယ်များဘဝ လုံခြုံဘေးကင်းစွာ ရှင်သန်ကြီးပြင်းခွင့် ရရှိစေဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up