A d v e r t i s e m e n t With Us

မတူရိုးရာ Losak Khotue ပွဲတော်ကျင်းပ

ချင်းတိုင်းရင်းသားလူမျိုးစု ၅၃ မျိုးထဲမှာ ပါဝင်တဲ့ မတူလူမျိုးတွေရဲ့ မတူရိုးရာ ထုံးတမ်းအစဉ်အလာကို ထိမ်းသိန်းဖို့နဲ့ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရိုးရာယဉ်ကျေးမှုကို မေ့ပျောက်မသွားဖို့အတွက် မတူရိုးရာ Losak Khotue ပွဲတော်ကို ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျင်းပနေပါတယ်။ ဒါ့အပြင် မတူရိုးရာပွဲတော်မှာ သင်ကြီးရွယ်အို ထောက်ပံ့တဲ့ အစီအစဉ်နဲ့ ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေကို ဆုချီးမြှင့်တာတွေပြုလုပ်ခဲ့ပါတယ်။ တနိုင်ငံလုံးမှာတော့ မတူလူမျိုး အယောက် ၆ သောင်းလောက်ရှိပါတယ်။ မတူလူမျိုးတွေက ချင်းပြည်နယ်တောင်ပိုင်းမှာ အများဆုံးနေထိုင်ကြပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။ မတူရိုးရာပွဲတော်ကိုတော့ ရန်ကုန်မှာရှိတဲ့ မတူလူမျိုးတွေက ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up