A d v e r t i s e m e n t With Us

အာဆင်နယ်နှင့်သဘောတူညီချက်ရထားသည့် လူငယ်ကစားသမားကို စပါးကမ်းလှမ်း

အာဆင်နယ်အသင်းနဲ့ အကြိုသဘောတူညီမှုရရှိထားတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်နောက်ခံလူ ဝီလျံဆယ်လီဘာကို မြို့ခံပြိုင်ဘက်စပါးအသင်းက ၂၆.၉ သန်းပေးပြီး ကြားဖြတ်ခေါ်ယူဖို့ ကမ်းလှမ်းလာပါတယ်။ အာဆင်နယ်အသင်းက အသည်းအသန်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး စိန့်အက်တီယန်နီအသင်းကို တရာသီအငှါးပြန်ချပေးမယ့် သဘောတူညီချက်တွေနဲ့ ကမ်းလှမ်းပြီး အသင်းကိုရောက်ရှိဖို့ သေချာနေပေမယ့် စပါးရဲ့ကမ်းလှမ်းချက်တွေကလည်း ကစားသမားနဲ့ အသင်းကို စိတ်ဝင်စားစေခဲ့တယ်လို့ သိရပါတယ်။ ကစားသမားကို ပေါင် ၂၇ သန်းထိပေးပြီး လက်ငင်းငွေချေတဲ့ ကမ်းလှမ်းချုက်အပြင် အပိုဆုကြေးပါ ပေးသွားမယ့် အခြေအနေ ရှိနေပါတယ်။ စပါးအသင်းဟာ လက်ရှိ နောက်ခံလူ တိုဘီအန်ဒါဝီရယ်အနေနဲ့ ယူနိုက်တက် ဒါမှမဟုတ် ရိုးမားကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာကြောင့် အစားထိုးနိုင်မယ့် ကြယ်ပွင့်ကစားသမားကို ရှာဖွေနေတာပါ။ ဆယ်လီဘာဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်းပွဲစဉ် ၁၆ ပွဲကစားပြီး ခြေစွမ်းပြသခဲ့တာကြောင့် အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up