Home
မြန်မာသတင်း
တက်မ ရေနံမှော်တွင် တရားမ၀င်ရေနံတူးသူ လုပ်ငန်းရှင် ၁၀ ဦးကို တရားစွဲဆို
DVB
·
July 13, 2019
ညောင်ဦးမြို့နယ် တက်မကျေးရွာ တက်မရေနံမှော်မှာ တရားဝင်အထောက်အထား မရှိ ရေနံတူးဖော်သူ လုပ်ငန်းရှင် ၁၀ ဦးကို ညောင်ဦးမြို့နယ် စဥ့်ကူနယ်မြေ ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့ နယ်မြေ ရဲကင်းစခန်းက သိရပါတယ်။ ရေနံတွင်းတိမ်ကျင်းတွေကို တရားမဝင် လုပ်ကိုင်နေတာကြောင့်  မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့ပါတဲ့ ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တာပါ။ အဲဒီနောက် တရားဝင်ခွင့်ပြုချက်မရှိဘဲ ရေနံတူးဖော်သူ ဦးတိုးအပါအ၀င် ၁၀ ယောက်ကို ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) နဲ့ စဥ့်ကူ နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ညောင်းဦးခရိုင် ညောင်ဦးမြို့နယ် တက်မကျေးရွာအုပ်စု တက်မကျေးရွာ ရေနံမှော်ကို ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက ညောင်ဦးခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက အင်အား ၈၀ ကျော်နဲ့ ဝင်ရောက်ရှင်းလင်းခဲ့ကာ တရားစွဲဆိုခံရသူတွေနဲ့ ပတ်သက်ပြီး သက်သေခံပစ္စည်းတွေ လိုက်လံသိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့  ညောင်ဦးခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးခင်ဇော် ပြောပါတယ်။ “နောက်ဆိုရင်တော့ ခရိုင်ကြီးကြပ်မှုရေနံရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မတီဆိုတာရှိတယ်။ အဲဒီအဖွဲ့ကနေ အစည်းအဝေးပြဋ္ဌာန်းပြီး တရားဝင်လျှောက်ဖို့ လျှောက်လွှာတွေလည်း တရားဝင် အခမဲ့လုပ်ပေးနေတယ်။ ဘယ်လိုနည်းလမ်းနဲ့ လျှောက်ပါလို့ လည်း ချပြပေးထားတယ်၊ အခုကတော့ ခွင့်ပြုချက်မရခင်တူးရင်တော့ အရေးယူသွာမှာ။” တရားစွဲဆိုခံရသူ ၁၀ ဦး ထဲက ၅ ဦးကို ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်က တရားလိုပြု တိုင်တန်းထားပြီး ကျန် ၅ ဦးကို ညောင်ဦးမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထွန်းက တိုင်တန်းထားတယ်လို့ သိရပါတယ်။ ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024