A d v e r t i s e m e n t With Us

ရုရှား S-400 လေကြောင်း ကာကွယ်ရေးစနစ်များ တူရကီသို့ ပို့ဆောင်

MOSCOW, RUSSIA - JUNE 25 : S-400 surface-to-air missile launcher is seen at 'ARMY-2019 International Military and Technical Forum' in Moscow, Russia on June 25, 2019. (Photo by Sefa Karacan/Anadolu Agency/Getty Images)
ရုရှားနိုင်ငံဟာ အဆင့်မြင့် S-400 လေကြောင်း ကာကွယ်ရေးစနစ်တွေကို ဇူလိုင် ၁၂- ရက်နေ့က တူရကီနိုင်ငံ စတင်ပို့ဆောင်နေပါတယ်။  ဒီလိုပို့ဆောင်တဲ့အတွက် နေတိုးမဟာမိတ် တူရကီအပေါ် အမေရိကန်က ဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့ မျှော်လင့်ရပြီး ဒါဟာ အနောက်ဥရောပ မဟာမိတ်အဖွဲ့အတွင်း သပ်လျှိုမှု တခုလည်း ဖြစ်ပါတယ်။   S-400 လေကြောင်း ကာကွယ်ရေးစနစ် ပထမ အစိတ်အပိုင်းတွေဟာ မြို့တော် အန်ကာရာအနီး လေတပ်စခန်းကို ရောက်လာတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။  လာမယ့်ရက်တွေမှာလည်း အစိတ်အပိုင်းတွေ ဆက်ရောက်လာမှာဖြစ်ပြီး အားလုံးအသင့်ဖြစ်တာနဲ့ ဆိုင်ရာအာဏာပိုင်တွေက စတင် အသုံးပြုမယ်လို့ တူရကီဝန်ကြီးက  ဆိုပါတယ်။  အဲဒီ အစိတ်အပိုင်းတွေကို ရုရှားလေတပ် AN-124 ကုန်တင်လေယာဉ် နှစ်စီးနဲ့ ပို့ဆောင်ခဲ့တယ်လို့ လေယာဉ်ခြေရာခံဝက်ဘ်ဆိုက် Flightradar24 အရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up