A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်နိုင်ငံ မင်္ဂလာပွဲတခုတွင် အသေခံဗုံးခွဲ၊ ၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်က မင်္ဂလာပွဲတခုမှာ ဇူလိုင်လ ၁၂ ရက်နေ့က အသေခံဗုံးခွဲမှုကြောင့် လူ ၅ ယောက် သေဆုံးပြီး ၄၀ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ပတ်ချာရာဂမ်ခရိုင်က အစိုးရထောက်ခံတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တဦး နေအိမ်မှာ လူငယ် တဦးက ဖောက်ခွဲခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒဏ်ရာရသူတဦးက “အသေခံဗုံးခွဲသမားနဲ့ သူ့အဖေနာမည်ကို လူတွေ မေးနေချိန်မှာပဲ သူက ခေါင်းစည်းပ၀ါကို ဖယ်လိုက်တယ်။ အဲဒီနောက်မှာ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်တယ်” လို့ ဒဏ်ရာရသူကပြောပါတယ်။  အစိုးရထောက်ခံတဲ့ ပြည်သူ့စစ်တွေဟာ မကြာခဏဆိုသလို အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး တာလီဘန်တွေ၊ အိုင်အက်စ်တွေလက်ထဲ နယ်မြေတွေ ရောက်မသွားအောင် တားဆီးကြပါတယ်။  ပြီးခဲ့တဲ့လတုန်းက အာဖဂန်မြောက်ပိုင်းမှာ တာလီဘန်စစ်သွေးကြွတွေ လက်ချက်နဲ့ အစိုးရထောက်ခံတဲ့ ပြည်သူ့စစ် ၂၆ ယောက် သေဆုံးခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up