A d v e r t i s e m e n t With Us

မူးယစ်ဆေးဖြတ်ထားသူများအတွက် ပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်မည် 

မူးယစ်ဆေးဖြတ်ထားတဲ့ သူတွေအတွက်  ပြန်လည်ထူထောင်ရေးသင်တန်းကို ရန်ကုန်မှာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။ သင်တန်းကို မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရန်ကုန် ပြန်လည်ထူထောင်ရေးစခန်းမှာ ဇူလိုင် ၁၇ ရက်နေ့ ဖွင့်လှစ်မှာဖြစ်ပြီး မူးယစ်ဆေးဖြတ်ထားတာ သီတင်းနှစ်ပတ်ကြာရှိနေသူတွေ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ သင်တန်းမှာ မူးယစ်ဆေးဖြတ်ထားတဲ့ သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ခွန်အားဖြစ်အောင် ပြန်လည်လေ့ကျင့်ပေးမှာဖြစ်သလို မူးယစ်ဆေးဖြတ်ထားတဲ့ သူတွေအတွက် အသက်မွေးဝမ်းကြောင်းပညာတွေပါ သင်ကြားပေးမယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က ပြောပါတယ်။ ရန်ကုန် ပြည်လည်ထူထောင်ရေးစခန်းအနေနဲ့  မူးယစ်ဆေးဖြတ်ထားတဲ့သူအယောက် ၂၀ ကို ပထမအကြိမ် သင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ်သင်တန်းမှာလည်း ဆေးဖြတ်ထားတဲ့ သူအယောက် ၂၀ ကို ၃၅ ရက် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ မူးယစ်ဆေးဖြတ်ထားတဲ့သူတွေကို နောက်ဆက်တွဲ အကူအညီပေးနိုင်ဖို့ ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းတွေကိုပါ ပို့ချပေးနေတယ်လို့  ဒီကနေ့ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းမှာ ကျင်းပတဲ့ သင်တန်းဆင်းပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။ မူးယစ်ဆေးစွဲတဲ့သူတွေကို အကူအညီပေးနေတဲ့ ပြန်လည်ထူထောင်ရေးစခန်းတွကတော့ ရန်ကုန်အပါအ၀င် တနိုင်ငံလုံးမှာ ၁၂ ခုရှိပါတယ်။  သူဇာလင်း

A d v e r t i s e m e n t With Us

More News
Up