အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ပေါင် ၁၀၇ သန်းဖြင့် ဘာစီလိုနာ ခေါ်ယူ

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက  ပေါင် ၁၀၇ သန်းနဲ့ ခေါ်ယူလိုက်ပြီး အပြောင်းအရွှေ့ပုံပြင်တပုဒ်ကို အဆုံးသတ်လိုက်ပါတယ်။ အဲ့ဒီပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အက်သလက်တီကိုနဲ့ ထွက်ခွာကြေးပေါင် ၇၁၇ သန်းတန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပေမယ့် အခုလက်ရှိမှာတော့ ကတ်တာလန်မြေကို ခြေခွင့်ရရှိခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ တီကိုအသင်းကို ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့ပြီး ၂၅၆ ပွဲကစား ၁၃၃ ဂိုးသွင်းယူပေးပြီး ပရိသတ်ချစ်တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကစပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရဖို့ အပြင်းအထန်ကြိုးစားတဲ့ ပုံစံကြောင့် အသင်းနဲ့ ပရိသတ်တွေက ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့ကြောင့် နေမာကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက လက်လျှော့သွားဖွယ်ရှိနေပါတယ်။ နေမာဟာ ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားတွေထဲမှာ ၆ ဦးမြောက် ကစားသမားအဖြစ် စာရင်းဝင်ခဲ့ပြီး အန်ဘာပေ၊ ကော်တင်ဟို၊ ဂျာအိုဖီးလစ်၊ အော့တ်စမန်၊ ဒန်ဘီလီတို့ရဲ့နောက်မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up