မန်ယူအသင်း လေ့ကျင့်ခန်းဆင်းနေစဉ် လီဗာပူးပရိသတ်များ လှောင်ပြောင် (ရုပ်သံ)

895
သြစတြေးလျမှာရှိတဲ့ လီဗာပူးပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်း ရာသီကြိုခြေစမ်းပွဲအတွက် လေ့ကျင့်ခန်းဆင်းနေစဉ် "လီဗာပူး ၆ အမြောက် ဥရောပဖလား" ဆိုတဲ့ စာတမ်းကြီးကို ကောင်းကင်မှာ လေယာဉ်နဲ့ဆွဲပြီး ပြသခဲ့ပါတယ်။
ပရိသတ် ၁၂၀၀၀ လောက် လာရောက်ကြည့်ရှုနေတဲ့ ယူနိုက်တက်တို့ရဲ့ လေ့ကျင့်ရေးအစီအစဉ် စတင်နေချိန်မှာ ကြိုတင်စီစဉ်ပြီး လှောင်ပြောင်သရော်လိုက်တာပါ။
ဒီလိုလှောင်ပြောင်ခံရတာဟာ ခြေစမ်းပွဲစဉ်အတွင်း ပြဿနာတချို့အပြီးမှာ ကြုံတွေ့ခဲ့ရတာဖြစ်လို့ နည်းပြဆိုးလ်ရှားအတွက် စိတ်ရှုပ်စရာဖြစ်လာပြန်ပါတယ်။
ဆိုးလ်ရှားဟာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့အပြင် အသင်းသားအချင်းချင်း စိတ်ဝမ်းကွဲတဲ့ ပြဿနာတွေရှိနေလို့ စိတ်ရှုပ်နေရတယ်လို့ သတင်းအရင်အမြစ်တွေက ဖော်ပြပါတယ်။
ဆိုးလ်ရှားဟာ ကစားသမားကောင်းတွေကို ရောင်းထုတ်လိုခြင်းမရှိဘဲ အနာဂတ်မှာ လက်တွဲလိုတဲ့အပြင် သြစတြေးလျခရီးစဉ်ဟာ အသင်းသားတွေအတွက် အကျိုးရှိစေဖို့ မျှော်လင့်ခဲ့ပေမယ့် ထင်ထားတာနဲ့ လွဲချော်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ပြိုင်ဘက် မန်ယူ၊ မန်စီးတီးတို့နဲ့ ခြေစွမ်းမကွာဟစေဖို့ ရာသီကြိုခြေစမ်းပွဲတွေကိုလည်း အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။