ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်းက ဝန်ဆောင်မှုအချို့ ခေတ္တဆိုင်းငံ့ကြောင်း ကြေညာ 

ထိုင်းနိုင်ငံက လေကြောင်းလိုင်းတခုဖြစ်တဲ့ ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်းဟာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုစနစ်ကို ပြောင်းလဲပြင်ဆင်နေတာမို့ အဲဒီရက်တွေအတွင်း လေယာဉ်စီး ခရီးသည်တွေကို ဝန်ဆောင်မှုလုပ်ငန်းတချို့ ခေတ္တဆိုင်းငံ့ထားမယ်လို့ ကြေညာထားပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း ရပ်ဆိုင်းထားမယ့် အချိန်မှာ ၂၁၀၉ ခုနှစ် ဇူလိုင် ၁၃ ရက် ထိုင်းစံတော်ချိန် ည ၇ နာရီကနေ ဇူလိုင် ၁၄ ရက်နေ့ထိလို့ ဆိုပါတယ်။ ဝန်ဆောင်မှုတွေကတော့ - ငွေသွင်းခြင်းကို ဇူလိုင် ၁၁ ရက်နေ့ ည ၁၁ နာရီမှ ဇူလိုင် ၁၅ ရက် ည ၇ နာရီခန့်အထိ ခရက်ဒစ်ကတ်နှင့် ပေးချေခြင်းသာ လက်ခံပါမည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ည ၁၁ နာရီမှ ဇူလိုင် ၁၅ ရက်နေ့ မနက် ၆ နာရီထိ အွန်လိုင်းပေါ်မှ ချက်ကင်လုပ်ခြင်းကို ဆိုင်းငံ့ထားပါမည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှစ၍ မိုဘိုင်းအပလီကေးရှင်းဖြင့် လေယာဉ်လက်မှတ် ကြိုတင်မှာယူခြင်း/လေယာဉ်လက်မှတ် အပြောင်းအလဲ လုပ်ခြင်းများကို ဆိုင်းငံ့ထားပါမည်။ ဗားရှင်းသစ်ဖြင့် အပ်ဒိတ်လုပ်နေပါသည်။ ဝက်ဘ်ဆိုက်ပေါ်မှ ငွေသွင်းခြင်း (Re-Payment) ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့  ညနေ ၅ နာရီမှ စတင်ဆိုင်းငံ့ထားပါမည်။ ဝက်ဘ်ဆိုက်ပေါ်မှ လေယာဉ်လက်မှတ် ကြိုတင်မှာယူခြင်း သို့မဟုတ် ကောလ်စင်တာ (စုံစမ်းမေးမြန်းရန်) ဝန်ဆောင်မှုကို ဇူလိုင် ၁၃ ရက် ထိုင်းစံတော်ချိန် ည ၇ နာရီမှ ဇူလိုင် ၁၄ ရက် မနက် ၆ နာရီခန့်ထိ ဆိုင်းငံ့ထားပါမည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်နေ့များအတွင်း ခရီးသွားမည့် ပြည်သူများ အနေဖြင့် ချက်ကင်လုပ်ရန် အချိန်ယူဖို့ လေဆိပ်သို့ ကြိုတင်အရောက်လာကြပါရန်၊ တစုံတရာ အကူအညီ လိုအပ်ပါက စုံစမ်းရန်ဌာန ဖုံးနံပါတ် ၁၇၇၁ (၀၂ ၂၇၀ ၆၆၉၉) သို့ ၂၄ နာရီ ခေါ်ဆိုနိုင်ပြီး ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်း ဖေ့စ်ဘွတ်ခ် Bangkok Airways သို့မဟုတ် အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

More News
Up