
Lead Story နိုင်ငံတကာ ရုပ်သံ သတင်း
မော်စကိုမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်၊ ၇ ဦးဒဏ်ရာရ (ရုပ်သံ)
Email This Story :
ရုရှားနိုင်ငံ မြို့တော် မော်စကိုက လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုမှာ ဇူလိုင် ၁၁ ရက်နေ့က မီးလောင်ခဲ့တယ်လို့ မော်စကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီဓာတ်အားပေးစက်ရုံကနေ ကြီးမားတဲ့မီးတောက်တွေ ကောင်းကင်ပေါ်ကို တလိပ်လိပ်တက်နေတဲ့ ရုပ်သံဖိုင်တခုလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီမီးတောက်တွေဟာ အမြင့် မီတာ ၅၀ လောက်ထိ ရှိတယ်လို့ မျက်မြင်သက်သေ တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး RIA သတင်းဌာနက ဖော်ပြပါတယ်။
မီးလောင်မှုအတွင်း လူ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ရုရှား အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။