ပါကစ္စတန်တွင် ရထား ၂ စီးတိုက်မိ၊ ၁၀ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - AFP/Getty Images
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဆာဒီကာဘတ်မြို့နားမှာ ရထားနှစ်စီး တိုက်မိတာကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၆၀ ဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၁၁ ရက် ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ နိုင်ငံအနောက်ပိုင်းက ကွီတာမြို့ကို ဦးတည်ခုတ်မောင်းလာတဲ့ ခရီးသည်တင် ရထားတစီးနဲ့ ကုန်တင်ရထားတစီးတို့ဟာ ဆာဒီကာဘတ်မြို့ ဘူတာရုံမှာ တိုက်မိခဲ့ကြတာပါ။ ကြေမွပျက်စီးနေတဲ့ ရထားတွဲထဲကနေ အလောင်းတွေကို ဆွဲထုတ်ခဲ့ပြီး သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်တယ်လို့ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆာဒီကာဘတ်မြို့နဲ့ အိမ်နီးချင်း ရာဟင်ယာခန်မြို့က ဆေးရုံတွေဆီကို အလျှင်အမြန် ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ပါကစ္စတန်နိုင်ငံမှာ တလအတွင်း လူအသေအပျောက်များတဲ့ ဒုတိယမြောက် ရထားတိုက်မှုပါ။ ဇွန်လ ၂၀ ရက်နေ့ကလည်း ဟိုက်ဒရာဘတ်မြို့မှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတို့ တိုက်မိလို့ လူ ၃ ယောက်ထက်မနည်း သေဆုံးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up