လက်ပန်းေတာင်းေတာင် စီမံကိန်းနယ်ေြမထဲက သပိတ်စခန်းေတွကို နို၀င်ဘာ ၂၉ ရက်ေန့မနက် အရုဏ်မတက်ခင် အစိုးရက ြဖိုခွင်းရာမှာ သံဃာအပါး ငါးဆယ်ေလာက်နဲ့ လူတချုိ့ ဒဏ်ရာရရှိသွားပါတယ်။
အဲဒီြဖိုခွင်းခံရတဲ့ သပိတ်စခန်းေတွမှာ သွားေရာက်သတင်းယူေနတဲ့ ဒီဗွီဘီသတင်းေထာက် မတင်မာေဆွနဲ့ ဆက်သွယ်ေမးြမန်းထားတာကုိ အသံဖုိင်မှာ နားဆင်နုိင်ပါတယ်။
သပိတ်စခန်းမှာ ကိုယ်တိုင်ရင်ဆိုင်ြကုံေတွ့ရတဲ့ ကို၀င်းေကျာ့မှူးကုိ ေမးြမန်းချက်
လက်ပန်းေတာင်းေတာင်စီမံကိန်းနယ်ေြမထဲက သပိတ်စခန်းေတွကို နို၀င်ဘာ ၂၉ ရက်ေန့ မနက် အရုဏ်မတက်ခင် အစိုးရက ြဖိုခွင်းရာမှာ သံဃာအပါး ၅၀ ေလာက်နဲ့ လူတချို့ ဒဏ်ရာရရှိကုန်ပါတယ်၊ အဲဒီြဖိုခွင်းခံရတဲ့ သပိတ်စခန်းမှာ ကိုယ်တိုင်ရင်ဆိုင်ြကံုေတွ့ခဲ့ရတဲ့ မုံရွာ ဗကသေကျာင်းသား ကိုရဲရင့်ေကျာ်ကို ဆက်သွယ် ေမးြမန်းထားပါတယ်။