Home
မြန်မာသတင်း
အထက်​မင်းလှမြို့နယ်​တွင် တရားမဝင်​​ရေနံချက်​ဖို ၃ လုံး ပိုင်​ရှင်​မဲ့ဖမ်းမိ
DVB
·
July 11, 2019
66443104_2089608331340617_9101342399543640064_o
66448488_2089608298007287_4876069675294785536_o
66271032_2089608408007276_100746283358093312_o
66252454_2089608241340626_6135604182427631616_n
မ​ကွေးတိုင်း​ဒေသကြီး မင်းလှမြို့နယ်​ ​ရေနံမ​ကျေးရွာမှာ ဇူလိုင်​လ ၉ ရက်​​နေ့ ည​နေပိုင်းက တရားမဝင်​ ​ရေနံချက်​ဖို ၃ လုံး ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ရေနံမနယ်မြေ ရဲစခန်းမှူးက ပြောပါတယ်။ မင်းလှမြို့နယ်​ ရဲတပ်​ဖွဲ့မှူး ဦးစီးပြီး မ​ကွေးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးရုံး မှုခင်းအကူ အဖွဲ့တို့ ပူး​ပေါင်းတဲ့ တပ်​ဖွဲဝင်​​တွေက ​ရေနံမ​ကျေးရွာအနီးမှာ တရားမဝင်​​ရေနံစိမ်း ချက်​လုပ်​​နေတဲ့ သတင်းအရ​ ရှာ​ဖွေဖမ်းဆီးခဲ့ကြတာပါ။  ​ရေနံမ နယ်​​မြေရဲစခန်းမှူး ရဲအုပ်​​အောင်​မင်းဦးက "ရေနံမ​ကျေးရွာ ​မြောက်​ဘက်​ တစ်​မိုင်​ခန့်​အကွာ ​တောင်​ကုန်းတစ်​ခုက​နေ တရားမဝင်​ ချက်​ဖို ၃ လုံးနဲ့ ​ရေနံချက်​လုပ်​ရာမှာ အသုံးပြုတဲ့ ဆက်​စပ်​ပစ္စည်း​တွေ သိမ်းဆည်းရမိခဲ့တာပါ။ ကာလတန်​ဖိုး က​တော့ ကျပ်​ ၅၂ ​သိန်း ကျော်​ဖိုးခန်းရှိတယ်​”လို့ ပြောပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ တရားမဝင်​ ​ရေနံချက်​လုပ်​သူတွေကို စုံစမ်း​ဖော်​ထုတ်​ဖို့​ ရဲအုပ်​ ဇင်​မင်းထွန်းမှ တရားလိုပြုလုပ်​တိုင်​တန်းခဲ့တဲ့အတွက်​ ​ရေနံမနယ်​​မြေရဲစခန်းမှာ ​ရေနံနဲ့ ရေနံထွက်​ ပစ္စည်းဆိုင်​ရာ ဥပ​ဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့်​ အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024