Home
မြန်မာသတင်း
ဦးဝီရသူ၏ ကျောင်းတိုက်အတွင်း  ကပ်ထားသည့် ဝရမ်းစာဆုတ်ဖြဲခံရ  
Aung Aung Naing
·
July 11, 2019
မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ နေထိုင်တဲ့ ကျောင်းတိုက်မှာ သက်ဆိုင်ရာက လာရောက်ကပ်ထားတဲ့ ၀ရမ်းစာကို သံဃာတချို့က ကြက်ခြေခတ်တွေပြုလုပ်ပြီး ခွာယူစုတ်ဖြဲ ပစ်လိုက် ပါတယ်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ နေထိုင်တဲ့ ကျောင်းတိုက်ရှိ ကြော်ငြာသင်ပုန်းမှာ  မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဝင်းနိုင်အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဇူလိုင် ၉ ရက်မှာ ၀ရမ်းလာကပ်ခဲ့တာပါ။ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် ဦးဝိစိတ္တဘိဝံသ (ခ)ဝီရသူကို တရားရုံးမှာ လာရောက်ဖြေရှင်းဖို့ အတွက် ထုတ်ထားတဲ့ ၀ရမ်းစာကို  မစိုးရိမ်တိုက်က နာယက ဆရာတော်တွေကို လျှောက်ထားပြီး ဆရာတော်တွေရဲ့ခွင့်ပြုချက်နဲ့ ကပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ် နာယကဆရာတော်ကြီးတွေက ဦးဝီရသူ သီတင်းသုံးခဲ့တဲ့ ဓမ္မသဟာရကျောင်းကို ချိတ်မပိတ်ဖို့နဲ့ အရေးယူဆောင်ရွက်ခြင်း မပြုဖို့ သက်ဆိုင်ရာတာဝန်ရှိ သူတွေကို မေတ္တာရပ်ခံထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024