A d v e r t i s e m e n t With Us

မူကြိုကျောင်းသူ ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ညောင်လေးပင်တွင် ကမ်ပိန်းပြုလုပ်

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့  မူကြိုကျောင်းသူ ဗစ်တိုးရီးယားရဲ့မှု အမှန်အတိုင်းပေါ်ပေါက်ရေးနဲ့ သက်ငယ်ဒိန်းမှုတွေ ပပျောက်ရေးအတွက်ရည်ရွယ်ပြီး ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ  ဇူလိုင်လ ၁၀ ရက်က ကမ်ပိန်းတခုပြုလုပ်ခဲ့ပါတယ်။ ညောင်လေးပင်မြို့ရှိ စာသင်ကျောင်းတွေမှာ မိဘနဲ့ ကလေးငယ်တွေ လိုက်နာသတိပြု သင့်တဲ့ အချက်တွေပါတဲ့ လက်ကမ်းစာစောင်တွေဖြန့်ဝေကာ  ပိုစတာတွေကို စာသင်ကျောင်းတွေမှာ လိုက်လံချိတ်ဆွဲတဲ့ လှုပ်ရှာမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုတောက်က “မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေဟာ နေရာတိုင်းလိုလိုမှာ အမြဲလိုဖြစ်ပေါ်နေတာကြောင့် မိဘနဲ့ ကလေးငယ်တွေ လိုက်နာသတိပြုသင့်တဲ့အချက်တွေပါတဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေရတာဖြစ်ပြီး နောက်ထပ် ဗစ်တိုရီးယားလို အမှုမျိုးမဖြစ်ပေါ်စေဖို့ သမီးငယ် ဗစ်တိုရီးယားအမှု အမှန်အတိုင်းဖြစ်စေဖို့ ရည်ရွယ် လုပ်ဆောင်ရတာ”လို့ ပြောပါတယ်။ ဗစ်တိုရီးယားအမှုကို ကြည့်ခြင်းအားဖြင့် နိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အားနည်းတာကို ကမ္ဘာကိုသိအောင် ချပြလိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ ညောင်လေးပင်မြို့ရှိ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး လူအင်အား ၄၀ ကျော်နဲ့   Justice For Victoria ရုပ်ပုံပါ အင်္ကျီတွေဝတ်ဆင်ကာ ပညာပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေခဲ့ကြ ပါတယ်။ မြို့ပေါ်ရှိစာသင်ကျောင်းတွေကို ဖြန့်ဝေပြီးပါက  ကျေးရွာတွေအထိပါ လိုက်လံဖြန့်ဝေ အသိပညာပေးသွားမယ်လို့ လည်း သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up