ကာတာလေကြောင်းကုမ္ပဏီက ဘိုးရင်း ကုန်တင်လေယာဉ် ၅ စီးဝယ်ရန် လက်မှတ်ရေးထိုး

849
ကာတာ လေကြောင်းကုမ္ပဏီဟာ ဘိုးရင်းကုမ္ပဏီဆီကနေ ကုန်တင်လေယာဉ် ငါးစီးဝယ်ဖို့ ဇူလိုင် ၉ ရက်ေန့က အိမ်ဖြူတော်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကာတာ လေကြောင်းကုမ္ပဏီဟာ သူတို့ရဲ့ လေကြောင်းခရီးစဉ်တွေကို ကမ္ဘာတဝန်း ဖြန့်ကြက်ဖို့ ကြိုးစားနေချိန်မှာ ဘိုးရင်း 777 ကုန်တင်လေယာဉ်တွေကို ဝယ်ဖို့ အခုလို စာချုပ် ချုပ်လိုက်တာပါ။
အမေရိကန်နိုင်ငံကို အင်္ဂါနေ့က ရောက်လာတဲ့ လက်ရှိအာဏာရ ကာတာစော်ဘွား ရှိတ်တာမင် ဘင် ဟာမတ် အယ်လ်တာသ်နီကို အမေရိကန်သမ္မတက အိမ်ဖြူတော်မှာ လက်ခံကြိုဆိုခဲ့ပါတယ်။
အဲဒီခေါင်းဆောင်နှစ်ယောက် တွေ့ဆုံမှုအတွင်း ကာတာနဲ့ အမေရိကန်ကုမ္ပဏီတွေအကြား ကာကွယ်ရေး၊ စွမ်းအင်နဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာ စီးပွားရေး သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။