A d v e r t i s e m e n t With Us

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးကြီးမည် 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဒီနေ့ကကနေ နောက် ၃ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန် လိုက်ပါတယ်။ အိန္ဒိယနိုင်ငံဘက်က တိုးဝင်လာတဲ့ မုတ်သုံလေဖိအားနည်းမြှောင်တန်းဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်သန်းနေတာကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ၇၂ နာရီ (၃ ရက်) အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးရွာပြီး နေရာကွက် မိုးကြီးတာ၊ ဒေသအလိုက်မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မိုးကြီးတဲ့အခါ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မကနေ အထက် ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ-DMZ

A d v e r t i s e m e n t With Us

More News
Up