Home
မြန်မာသတင်း
မောင်​​တော​တွင်​ အိန္ဒိယ-မြန်​မာ ချစ်​ကြည်​​ရေးစီမံကိန်း စတင်​အ​ကောင်​အထည်​​ဖော်
DVB
·
July 10, 2019
ရခိုင်​​ပြည်နယ်၊ မောင်တောဒေသမှာ အိန္ဒိယ-မြန်​မာ နှစ်နိုင်ငံ ချစ်​ကြည်​​ရေးစီမံကိန်းအဖြစ် လူမှုစီးပွားဖွံ့ဖြိုး​ရေးလုပ်ငန်းတွေ  စတင်​အ​ကောင်​အထည်​​ဖော်​​နေပြီဖြစ်​ပါတယ်​။ အဆိုပါစီမံကိန်း စတင်​မှုအဖြစ်​ ​မောင်​​တောဒေသမှာ​ ​ရခိုင်​၊ မွတ်​ဆလင်​နဲ့ ဟိန္ဒူတွေ အတွက်​ အိန္ဒိယအစိုးရက လူ​နေအိမ်​ ၂၅၀ လုံးကို စတင်​​ဆောက်​လုပ် လှူဒါန်းခဲ့တယ်လို့ မြန်​မာနိုင်​ငံဆိုင်​ရာ အိန္ဒိသံအမတ်​ကြီး ဆူရတ်ဘ်ကူးမားက​ ပြောပါတယ်​။ နေအိမ်​တွေ လွှဲ​ပြောင်း​ပေးတဲ့အခမ်းအနားကို ဇူလိုင်​လ ၉ ရက်​​ မနက်​က ​မောင်​​တောမြို့ ​အောင်​ဗလ​ကျေးရွာအနီးရှိ ဟိန္ဒူနေအိမ်​တွေအနီးမှာ ပြုလုပ်​ခဲ့ပါတယ်​။ အိန္ဒိယနိုင်ငံအစိုးရဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ၅ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း သုံးစွဲသွားဖို့ မြန်​မာအစိုးရနဲ့ သ​ဘောတူ လက်​မှတ်​​ရေးထိုးထားပြီး ဖြစ်​တယ်​လို့ အိန္ဒိယသံအမတ်​ကြီးက ပြောပါတယ်​။ လူမှုဝန်ထမ်းကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာ ချထား​ရေးဝန်​ကြီး ဒေါက်​တာဝင်းမြ​တ် အေးက “မြန်​မာ-အိန္ဒိယ ချစ်​ကြည်​​ရေးစီမံကိန်းအဖြစ်​ ရခိုင်​​ဒေသလူမှု စီးပွားဖွံ့ဖြိုး​ရေးအတွက်​ လုပ်​​ဆောင်​သွားမှာဖြစ်​ပါတယ်​။ ဒီ​ဒေသရဲ့ လမ်းပန်းဆက်​သွယ်​​ရေး၊ စိုက်​ပျိုး​ရေး၊ လျှပ်​စစ်​မီး ရရှိ​ရေး​တွေအတွက်​ အဓိကထားပြီး လုပ်​​ဆောင်​သွားမှာ ဖြစ်​ပါတယ်​”လို့ ပြောပါတယ်​။  ၂၀၁၇ အကြမ်းဖက်​ဖြစ်​စဉ်​တွေအပြီး ​မောင်​​တော​ဒေသပြန်​လည်​တည်​​ထောင်​​ရေး အတွက်​ အိန္ဒိယအစိုးရက ​မောင်​​တော​မြို့နယ်​၊ ရွှေစား​ကျေးရွာမှာ​ ဟိန္ဒူတွေအတွက်​ လူ​နေအိမ်​ ၁၄၈လုံး၊ နံသာ​တောင်​​ကျေးရွာမှာ ရခိုင်​တွေအတွက်​ လူ​နေအိမ်​ ၄၂ လုံးနဲ့ ကြိမ်​​ချောင်း​တောင်ကျေးရွာမှာ ပြန်​လည်​၀င်​​ရောက်​လာမယ့် ဘင်္ဂါလီတွေအတွက် အိမ်​​ခြေ ၁၆၀ လုံးတို့ကို ဆောက်​လုပ်​ လှူဒါန်းထားပါတယ်​။ သတင်း- ​​ကောင်း​ကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024