Home
မေးမြန်းခန်း
ဒေသ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးမှာ ပြည်သူတွေ အကျိုးခံစားခွင့် အားနည်းနေ – ကိုပြုံးချို
ရွှေအောင်
·
November 28, 2012
ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြည်သူတွေပါဝင်နိုင်ခွင့်၊ အကျိုးအမြတ် ခံစားပိုင်ခွင့်တွေ အများကြီး အားနည်းနေတာ တွေ့ရတယ်လို့ တနင်္သာရီတိုင်းအတွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်ထွန်းရေး ခရီးထွက်နေတဲ့ ၈၈ ကျောင်းသားများအဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ဆီအုန်းစိုက်ပျိုးရေးနဲ့ ရေထွက်ပစ္စည်းလုပ်ငန်း စတာတွေမှာ လူတဦး တစုတဖွဲ့ကပဲ ချုပ်ကိုင် ဆောင်ရွက်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ တနင်္သာရီတိုင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်ရေးခရီးကို နိုဝင်ဘာ ၂၂ ရက်က စတင်ခဲ့တာဖြစ်ပြီး၊ ဒီနေ့ ကော့သောင်းမြို့မှာ မြို့ခံလူထု ၁၀၀၀ ကျော်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ကော့သောင်းမှာ ဆွေးနွေးဖြစ်ခဲ့ပုံတွေနဲ့ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း တွေ့ရှိချက်တချို့ကို ခရီးစဉ်မှာပါဝင်တဲ့ ၈၈ အဖွဲ့က ဦးပြုံးချိုနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ တနင်္သာရီတိုင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်ရေး ခရီးမှာ မြိတ်၊ ပုလော၊ ကျွန်းစုနဲ့ ဘုတ်ပြင်း စတဲ့ မြို့နယ်တွေအတွင်း ဒေသခံလူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024