အနာဂတ်နှင့် ပတ်သက်ပြီး ဆာနေး၏ ဆုံးဖြတ်ချက်ကို ဘိုင်ယန်အသင်း စောင့်မျှော်နေ

မန်စီးတီး တောင်ပံကစားသမား ဆာနေးအနေနဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ပြုလုပ်ဖို့ ဘိုင်ယန်မြူးနစ်အသင်းက မျှော်လင့်နေပါတယ်။ ဆာနေးဟာ အားလပ်ရက်ကနေ အပန်းဖြေပြီးနောက် မန်စီးတီးအသင်းနဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ အသင်းကနေ ရော်ဘင်နဲ့ ရီဘာရီတို့လို ကစားသမားတွေ ထွက်ခွာသွားတာကြောင့် တောင်ပံကစားသမားတွေ လိုအပ်နေတယ်လို့ ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်အရာရှိချုပ်က ဝန်ခံခဲ့ပါတယ်။ ဆာနေးအနေနဲ့ အားလပ်ရက်မှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ဖို့နဲ့ သူ့ဘက်ကဆန္ဒကို မိမိတို့ စောင့်မျှော်နေတယ်လို့လည်း ဘိုင်ယန်အသင်း အမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up