A d v e r t i s e m e n t With Us

ချင်းတွင်းမြစ်ကမ်းပါးပြိုကျသဖြင့် ရေစကြိုမြို့နယ်၌ ကိုယ်ထူကိုယ်ထရေကာတာ အ​ရေး​ပေါ်တည်ဆောက်နေ

ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာမှာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ဇူလိုင် ၉ ရက်ကစပြီး ရေကာတာတခုကို ကိုယ်​ထူကိုယ်​ထ​ အ​ရေး​ပေါ်တည်ဆောက်နေရပါတယ်။ ရေကာတာတည်ဆောက်ရေးလုပ်ငန်း ဦးဆောင်သူ  ဦးထွန်းအောင်ကျော်က “ဇွန်လဆန်း​လောက်​က စပြီး ​ကျေးရွာကမ်းပါးကို ချင်းတွင်းမြစ်​ရေက ပေ ၅၀ ​လောက်​ တလအတွင်းပြိုကြခဲ့တာ။ လူနေအိမ်​တွေနဲ့ ၇ ပေ​လောက်​အထိ နီးကပ်​လာလို့ မြစ်ရေတိုးလာပြီး အချိန်မီ မထိန်းနိုင်ရင်​ ကျနော်တို့ ကျေးရွာပြည်သူတွေရဲ့ နေအိမ်​တွေနဲ့ လယ်ယာမြေတွေ ဆုံးရှုံးရ​တော့မယ့် အနေအထားရှိလာနိုင်တယ်​။ အဲဒါ​ကြောင့်​ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ ​လောက်​နဲ့ အ​ရေး​ပေါ်​ဆောင်​ရွက်​​နေရတယ်​။”လို့ ပြောပါတယ်။ ရေကာတာတည်ဆောက်ရာမှာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဝါးနဲ့ ပိုင်ချတာ၊ ပိုက်ကွန်တပ်ဆင်တာ၊ သစ်ကိုင်းတွေနဲ့ သဲအိမ်ထည့်တဲ့လုပ်ငန်းတွေကို ဇူလိုင်လ ၉ ရက်မှ ၁၂ ရက်အထိ ၄ ကြာတည်ဆောက်ရမှာဖြစ်​​တယ်လို့ မြို့နယ် မီးသတ်ဦးစီး ဦးညီညီအောင်က ​ပြောပါတယ်​။ ဇွန်လ ၂၆ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းမြစ်ချောင်းဖြိုးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ပေါက်တောကျးရွာကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေတာကာ တည်ဆောက်တဲ့လုပ်ငန်းကို မြစ်ချောင်းဖြိုးဦးစီးဌာနရဲ့ လမ်းညွှန်ပေးမှုနဲ့ ခုလို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရေဟာ ​ပေါက်​​တော​ကျေးရွာမှာ ၂ ရက်အတွင်း ၅ လက်မလောက်  မြစ်ရေတိုးနေပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် နောက်ထပ်အတွင်း မြစ်ရေထပ်တိုးလာ ဖွယ်ရှိနေပါတယ်။ ချင်းတွင်းမြစ်ကမ်းပါးပြိုနေတဲ့ ပေါက်တောကျေးရွာမှာ အိမ်ခြေ ၃၇၀ ၊ အိမ်ထောင်စု ၄၅၀ ၊ လူဦးရေ ၂၀၀၀ လောက် နေထိုင်ကြတာ ဖြစ်ပါတယ်​။ သတင်း-ကိုလင်း(​ချောက်​)၊ ဓာတ်ပုံ- ဦးညီညီအောင်/ ဦးထွန်းအောင်ကျော်

A d v e r t i s e m e n t With Us

More News
Up