စောလားထော်ဝါးသီဆိုသည့် “သို့..သက်ငယ်မုဒိမ်းကောင်များ”သီချင်း (ရုပ်သံ)
DVB
·
July 10, 2019
“ခွေးထက် မိုက်တဲ့သူတွေ… ခွေးလောက် အသိမရှိသူတွေ… စာနာနားလည်မှုနဲ့ သနားကြင်နာတတ်တဲ့ မေတ္တာတရား… မင်းတို့တွေမှာ မရှိဘူးလား… ခွေးထက် မိုက်တဲ့ သူတွေ… ခွေးလောက် အသိမရှိသူတွေ… တဘ၀စာ အမည်းစက်ကြီးနဲ့ ရှင်သန်ရမယ့် ကလေးတယောက်ရဲ့ ငိုသံများကြားလား”
ဒါကတော့ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ထင်ဟပ်နေတဲ့ အကျိုးပြုသီချင်းတပုဒ်ဖြစ်ပြီး ဒီသီချင်းကိုတော့ မြန်မာအိုင်ဒေါ တေးသံရှင် စောလားထော် ၀ါးက သီဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေထဲမှာ ကလေး သူ ငယ် သက်ငယ်မုဒိမ်းမှုတွေလည်း ပါဝင်နေပြီး ဒီအဖြစ်အပျက်အပေါ် အားလုံးက အာရုံ စိုက်ဖို့ လိုအပ်တဲ့ အချိန်လည်း ဖြစ်နေပါတယ်။
“နေ့စဉ်ကြားနေရတာ သက်ငယ်မုဒိမ်းမှုများ… ပြုခံရသူ ကလေးငယ်တိုင်းရဲ့ မိဘ များ… ရင်ထဲဝင်ကြည့်ပါ… လောင်မြိုက်နေသော မီးလျှံများ… ကိုယ်ချင်းစာပေးပါ… သက်ငယ်မုဒိမ်းကောင် အောက်တန်းစား… အသက်မပြည့်သေးတဲ့ ကလေးငယ်တွေမှ ပစ်မှတ်ထား… ရက်စက်လိုက်တာ မင်းတို့လူမှ ဟုတ်ရဲ့လား… ဆုံးရှုံးသွားတာ ကလေး ငယ်လေးရဲ့ သိက္ခာတရား… လဲပြိုသွားတာ မိဘနှစ်ပါးရဲ့ စိတ်ခွန်အား”
တေးရေး ချမ်းဘိုက ရေးစပ်ပေးထားတဲ့ ဒီသီချင်းရဲ့ နာမည်ကိုတော့ “သို့… သက် ငယ်မုဒိမ်းကောင်များ”လို့ အမည်ပေးထားခဲ့ပြီး လတ်တလောမှာတော့ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
“ဟင်း… လူသားလို့ မခေါ်ထိုက်တဲ့ လူများ… ကိုယ့်သားသမီးအရွယ်လေး… ကိုယ့် မြေးမြစ် အရွယ်လေးကို ခြေတော်တင်တဲ့ လူ့ငနွား… ဘယ်လိုဦးနှောက်တွေနဲ့များ… မွေး ဖွားလာသလဲ မင်းတို့တွေက… မင်းတို့ရမ္မက်တခုအတွက် ပေးဆပ်လိုက်ရတာ… လူမ မယ်အရွယ်လေးဘ၀”
စောလားထော်ဝါးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် မြန်မာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုရရှိခဲ့သူတဦးဖြစ်ကာ မင်းသိနိုင်မလားအမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့အတူ တခြားအတွဲသီချင်းခွေတွေမှာလည်း ပါဝင်သီ ဆိုနေတဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။