ထမင်းချက်ရင်း ၀င်ငွေရတဲ့ အိန္ဒိယ မုဆိုးမများ
DVB
·
November 28, 2012
ကမ္ဘာပေါ်က ငတ်မွတ်နေတဲ့ လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ အိန္ဒိယမှာ နေတာပါ။ စားစရာ အစားအသောက် မရှိလို့ နေ့စဉ် လူ ၇ ထောင်လောက်က သေနေပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုတွေ နေတဲ့ ရာဂျစ်သန်က ဘာရန်မြို့ကလေးကတော့ ဒီဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတာပါ။
ဒါပေမယ့် ကလေးတွေအတွက် အခမဲ့ နေလယ်စာ ကျွေးပြီးတော့ အပြောင်းအလဲကို ဖန်တီးနေတဲ့ တိုင်းရင်းသား မျိုးနွယ်စု အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထောက် ဂျက်စ်ဗင်ဒါ ဆင်ဂါ(Jasvinder Sehgal)က သတင်းပေးဖို့ ထားပါတယ်။