A d v e r t i s e m e n t With Us

နိုင်ဂျီးရီးယားတွင်ကျင်းပမည့် ကြက်တောင်ရိုက်ပြိုင်ပွဲ၌ သက်ထားသူဇာ ဆက်လက်ယှဉ်ပြိုင်မည် 

လာမယ့် သြဂုတ်လအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာကျင်းပမယ့် Lagos International Badminton Classics 2019 ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့  မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာက ပြောပါတယ်။  ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မသက်ထားသူဇာဟာ ဇူလိုင်လ ၇ ရက်က အိုင်ဗရီကို့စ် နိုင်ငံမှာ  ကျင်းပခဲ့တဲ့ International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိပြီးနောက် ခုလို နောက်ထပ် နိုင်ငံတကာ ပြိုင်ပွဲတခု ထပ်မံယှဉ်ပြိုင်ဖို့ ရှိနေတာပါ။  ဒီပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲမှာ  ဆီဒင်သတ်မှတ်ချက် အဆင့် (၁) ရ အိန္ဒိယကစားသမား ကူဒါရာဗီလီကို ၂၁-၁၈ မှတ်၊ ၂၁-၁၃ မှတ်နဲ့ နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။  သူ့ကို အားပေးတဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိတဲ့အကြောင်း မသက်ထားသူဇာက သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။  သက်ထားသူဇာဟာ ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တကြိမ်ရထားပါတယ်။  ဒီပြိုင်ပွဲမတိုင်ခင် လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၁ ရှိနေတဲ့ သက်ထားသူဇာဟာ အခုပြိုင်ပွဲမှာ  ဗိုလ်စွဲခဲ့လို့ ခုရက်ပိုင်းအတွင်း အသစ်ထုတ်ပြန်ဖို့ရှိနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ထပ်မြင့်တက်လာဖွယ် ရှိနေပါတယ်။ ဓာတ်ပုံ- သက်ထားသူဇာ

A d v e r t i s e m e n t With Us

More News
Up