A d v e r t i s e m e n t With Us

ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယံဆယ်လီဘာကို အာဆင်နယ် ခေါ်ယူရန် သဘောတူညီမှုရ

အာဆင်နယ်အသင်းဟာ ပြင်သစ်လူငယ်နောက်ခံလူ ဝီလီယံဆယ်လီဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ပြင်သစ်ကလပ် စိန့်အက်တီယန် နောက်ခံလူ ဆယ်လီဘာဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၁၆ ပွဲ ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဆယ်လီဘာကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း ပေးချေရမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိန့်အက်တီယန်အသင်းဘက်ကတော့ ဆယ်လီဘာကို အသင်းမှာပဲ တရာသီ အငှားပြန်ချပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဆယ်လီဘာဟာ အရပ် ၆ ပေ ၄ လက်မ မြင့်မားပြီး ၂၀၁၆ ခုနှစ်ကမှ စိန့်အက်တီယန် အသင်းကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up