ရဲတိုက်၊ ဒေါင်း၊ ရွှေထူး၊ ၀တ်မှုန်ရွှေရည်တို့ပါဝင်သည့် လေးပွင့်ဆိုင် အချစ်ဒရာမာရုပ်ရှင်- ဒဏ္ဍာရီမိုး (နမူနာ)

မြန်မာအချစ်အလွမ်းဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒဏ္ဍာရီမိုးရုပ် ရှင်ကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ၀င်းလွင်ထက်က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ စာဖတ်ရတာ ၀ါသနာပါတဲ့ ကော်ဖီဆိုင်ပိုင်ရှင် ကောင်မလေးတ ယောက်နဲ့ သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ကောင်လေး ၃ ယောက်အကြောင်းကို ၄ ပွင့် ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ဖန်တီးထားခဲ့တာပါ။
အညို၊ ဒီလှိုင်း၊ မိုးတိမ်ညိုနဲ့ မိုးနှောင်းစတဲ့ လူငယ်ဇာတ်ကောင် ၄ ယောက်ကြား မှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘယ်လို အချစ်အလွမ်းဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံ ဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်မဆောင်တာကြာပြီဖြစ်တဲ့ မင်းသား ရဲတိုက်၊ ဒေါင်း၊ ရွှေ ထူး သရုပ်ဆောင် မင်းသား ၃ ယောက်နဲ့အတူ သရုပ်ဆောင်မင်းသမီး ၀တ်မှုန်ရွှေရည်တို့ က အတွဲညီညီနဲ့ ထူးထူးခြားခြား သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဝေကြီးသီဆိုထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးဟာလည်း ပရိသတ် တွေကြားမှာ ရေပန်းစားနေခဲ့ပြီး ဒီကားရဲ့ Trailer ဟာ Youtube ပေါ်မှာတော့ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေခဲ့တာပါ။