တောင်အမေရိက ဘောလုံးအဖွဲ့ လေးစားမှု လုံးဝမရှိဟု မက်ဆီပြော

တောင်အမေရိက ဘောလုံးအဖွဲ့အစည်းဟာ ပြိုင်ပွဲကာလတလျှောက်လုံး လေးစားမှု လုံးဝမရှိခဲ့ဘူးလို့ ကစားသမားဘဝ သက်တမ်းတလျှောက် ဒုတိယအကြိမ်မြောက် အနီကတ်ပြား ပြသခံရပြီး ကွင်းအပြင်ထွက်ခွာခဲ့ရတဲ့ မက်ဆီက ပြောကြားလိုက်ပါတယ်။ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အာဂျင်တီးနားနဲ့ ချီလီတို့ တွေ့ဆုံခဲ့ကြပြီး ပွဲကစားချိန် ၃၇ မိနစ်မှာ မက်ဆီနဲ့ မီဒယ်တို့ အချင်းများခဲ့ကြပါတယ်။ တဦးနဲ့တဦး ဒေါသတကြီး တွန်းထိုးခဲ့ကြလို့ ဒိုင်လူကြီးဖြစ်သူက နှစ်ဦးစလုံးကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အရင်ဆုံး ရန်ရှာခဲ့တဲ့ မီဒယ်ကိုသာ ထုတ်ပယ်တာမဟုတ်ဘဲ မက်ဆီကိုပါ ထုတ်ပယ်ခဲ့လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း ကျေနပ်မှုမရှိကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ ဆိုးရွားပြီး ညံ့ဖျင်းလွန်းတဲ့ ဒိုင်လူကြီးပြဿနာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ မက်ဆီကလည်း ဒိုင်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မပတ်သက်ခဲ့သလို သူတို့ရဲ့ ခြစားမှုကြောင့် ဘောလုံးအပေါ် ပရိသတ်တွေရဲ့ အားပေးမှု လျော့လာပြီး တဖြည်းဖြည်း ဝါးမျိုခံနေရပြီလို့ ဆက်လက်ပြောကြားပါတယ်။ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အာဂျင်တီးနားက ချီလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား သမိုင်းတလျှောက် ၁၄ ကြိမ်ထိ ဗိုလ်စွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up