ရထားနှင့် ပလက်ဖောင်းကြား ပြုတ်ကျသွားသည့် ကလေးငယ်ကို ကယ်တင် (ရုပ်သံ)
DVB
·
July 7, 2019
ရထားတစီးနဲ့ ဘူတာရုံပလက်ဖောင်းကြား ကလေးတဦးပြုတ်ကျသွားခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တခုကို သြစတြေးလျအစိုးရက မကြာသေးခင်က ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ရှုပ်ထွေးတဲ့ ကျောင်းပိတ်ရက်တွေအတွင်း မိဘတွေအနေနဲ့ သားသမီးတွေကို မျက်ခြည်မပြတ်စောင့်ကြည့်သင့်တယ်လို့ သတိပေးမှုလည်း ဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်မှာ အမျိုးသမီးတဦးဟာ ရထားပေါ်ကနေ ဆင်းဖို့ တွန်းလှည်းကို ထုတ်ဖို့ ပြင်ဆင်နေချိန်မှာ သူမဘေးနားကနေ ဖြတ်သွားတဲ့ ကလေးငယ်တဦးဟာ ရထားနဲ့ ပလက်ဖောင်ကြားမှာ ဟနေတဲ့နေရာထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီအမျိုးသမီးဟာ လက်တွေကို ဝှေ့ယမ်းပြီး အနီးအနားမှာရှိတဲ့ လူတွေထံ အကူအညီတောင်းခံခဲ့တာကြောင့် ကလေးငယ်လေးကို ဘေးမသီရန်မခဘဲ ဆွဲထုတ်နိုင်ခဲ့ပါတယ်။
ဒီအမျိုးသမီးရဲ့ မျက်နှာကို ဗီဒီယိုဖိုင်မှာ ဖုံးကွယ်ထားတာကိုတွေ့ရပြီး မိဘတွေအနေနဲ့ ရထားပေါ်က အတက်အဆင်းပြုလုပ်ချိန်မှာ ကလေးတွေရဲ့လက်ကို ဆွဲထားရမယ်လို့ နယူးဆောက်ဝေး သယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။