A d v e r t i s e m e n t With Us

နေတိုးတပ်ဖွဲ့ Sea Breeze စစ်ရေးပူပေါင်းပါဝင်လေ့ကျင့်မှု ရုရှားစောင့်ကြည့်

မြောက်အတ္တလန္တိတ်နိုင်ငံများအဖွဲ့ နေတိုးတပ်ဖွဲ့ရဲ့ ပင်လယ်ကူး သင်္ဘောတွေဟာ ပင်လယ်နက်ထဲက 'Sea Breeze 2019' လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်လေ့ကျင့်နေလို့ ရုရှားက မျက်စိဒေါက်ထောက် ကြည့်နေတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။ စစ်ရေးလေ့ကျင့်နေပုံကို ရဟတ်ယာဉ်ပျံနေချိန် စက်မောင်းသူ အခန်းထဲကနေ ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ ဖြန့်ချိလိုက် ပါတယ်။  'Sea Breeze' စစ်ရေးလေ့ကျင့်မှုတွေကို ယူကရိန်းနိုင်ငံမှာ ၁၉၉၇ ခုနှစ်ကစပြီး လေ့ကျင့်ပါတယ်။ ယူကရိန်းနဲ့ မိတ်ဘက် နေတိုးအဖွဲ့ဝင် ၁၄ နိုင်ငံက ပင်လယ်ကူး သင်္ဘောအစီး ၃၀ ဟာ ကမ်းတက် စစ်သည် အယောက် ၉၀၀ နဲ့အတူ ဒီနှစ်မှာ ပါဝင်လေ့ကျင့်ခဲ့တယ်။  ဒီ စစ်ရေးလေ့ကျင့်မှုက ဇူလိုင် ၁၂ ရက်မှာ ပြီးဆုံးမယ်လို့ ယူကရိန်းကာကွယ်ရေး ဦးစီးချုပ်က ဒီနှစ် ဧပြီမှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။  ရုရှားဟာ ယူကရိန်းရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ပြီး ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေကို ထောက်ပံ့ခဲ့လို့ အနောက်ဥရောပ နိုင်ငံတွေနဲ့ ရုရှားအစိုးရကြား စစ်အေးခေတ်နှောင်းပိုင်းမှာ ဆက်ဆံရေးက အဆိုးဆုံး အခြေအနေကို ကျရောက်နေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up