Homeမြန်မာသတင်း
ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ဗိုလ်အောင်ကျော်အုတ်ဂူရှေ့တွင် ပြုလုပ်
ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ဗိုလ်အောင်ကျော်အုတ်ဂူရှေ့တွင် ပြုလုပ်
DVB
·
July 7, 2019
၅၇ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့တွေ စုပေါင်းပြီး ရန်ကုန်တက္ကသိုလ်ထဲက ဗိုလ်အောင်ကျော်အုတ်ဂူရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြ ပါတယ်။
၁၉၆၂ ခုနှစ်တုန်းက ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်ဟာ ကျောင်းသားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ရှိသူတွေက ပြန်တောင်းပန်ဖို့နဲ့ အခုချိန်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့တွေက တောင်းဆို လိုက်ပါတယ်။
အခု အောက်မေ့ဖွယ်အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့တွေ စုပေါင်းပြီး တံတားဖြူကနေ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဗိုလ်အောင်ကျော်အုတ်ဂူအထိ ချီတက်ကြပြီး ဂါရဝါပြု ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - စုစု