မိုးသီးများ လမ်းပေါ် ပြည့်လျှံခဲ့သည့် မက္ကဆီကိုနိုင်ငံ (ရုပ်သံ)
DVB
·
July 7, 2019
မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးသီးကြွေကျမှုတွေပြီးနောက် မက္ကဆီကိုနိုင်ငံ ဂွာဒါလာဂျာရာဒေသရဲ့ လမ်းတွေပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ရေခဲတွေ၊ မိုးသီးတွေနဲ့ ပြည့်နှက်သွားခဲ့ရပါတယ်။
ပြင်းထန်စွာ မိုးသီးကြွေကျမှုကြောင့် လမ်းပေါ်မှာ ရပ်ထားတဲ့ ကားအချို့လည်း ပျက်စီးခဲ့ရတယ်လို့ ဒီဖြစ်ရပ်ကို မှတ်တမ်း ဗွီဒီယိုရိုက်ကူးခဲ့တဲ့ ဂျော့ဒေးဗစ် အားရပ်စ်ဖလောရက်က ပြောပါတယ်။
ဖလောရက်ဟာ ဒီဒေသမှာရှိတဲ့ သူ့မိသားစုထံ လာရောက်စဉ် အခုလိုဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဂွါဒါလာဂျာရာဒေသမှာ အခုလို ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုး တခါမှ မဖြစ်ဖူးဘူးလို့ ပြောပါတယ်။