A d v e r t i s e m e n t With Us

စပိန် နွားရိုင်းလိုက်ပွဲ ဖွင့်လှစ်

စပိန်နိုင်ငံမြောက်ပိုင်း ပမ်ပလိုနာမြို့ရဲ့ အဓိကရင်ပြင်မှာ နှစ်စဉ်ကျင်းပနေတဲ့ စန်ဖာမင် ပွဲတော်အတွင်း နွားရိုင်းလိုက်ပွဲကို ဇူလိုင် ၆ ရက်က မီးရှူးမီးပန်းတွေ ပစ်ဖောက် ဖွင့်လှစ်ခဲ့ပါတယ်။  ပွဲတော်တွေကို တရားဝင်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ချူပီနာဇို ဒုံးကျည်ကို နေမွန်းတည့်ချိန်မှာ ကောင်းကင်ဆီ ပစ်လွှတ်ခဲ့ပါတယ်။ နွားရိုင်းလိုက်ပွဲ ပြေးလမ်း အရှည်က မိုင်ဝက် ရှိပါတယ်။ နေ့စဉ် မနက် ၈ နာရီတိုင်းမှာ လမ်းကျဉ်းတွေ တလျှောက် နွားရိုင်းလိုက်ပွဲကို ကျင်းပပါတယ်။ ဒီပွဲကို နှစ်စဉ် လူ ၁ သန်းကျော် လာရောက် လည်ပတ်လို့ ဒေသတွင်း စီးပွားရေးကို အထောက်အကူ ပြုနေပါတယ်။  စပိန်နိုင်ငံထဲက နွားရိုင်းလိုက်ပွဲ အတော်များများထဲက တခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အငြင်းပွား စကားရည်လုတာတွေ ပုံမှန် ရှိနေတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up